Whispers in the Snow (Part 1)

1.3K 124 27
                                    

တစ်စတစ်စ အားကောင်းလာတဲ့ နှင်းမှုန်နှင်းပွင့်တွေကို ခပ်ငေးငေးကြည့်ရင်း ခန္ဓာကိုယ်ကိုကျုံ့နိုင်သလောက်ကျုံ့ထားလိုက်သည်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

တစ်စတစ်စ အားကောင်းလာတဲ့ နှင်းမှုန်နှင်းပွင့်တွေကို ခပ်ငေးငေးကြည့်ရင်း ခန္ဓာကိုယ်ကိုကျုံ့နိုင်သလောက်ကျုံ့ထားလိုက်သည်... သူနေတဲ့ဂန်ဝန်ဒိုမှာက ဆောင်းရာသီဆိုရင်ဒီလိုပဲ တစ်ခါတစ်ရံနှင်းတွေကအငြိုးတကြီးကျီစယ်တတ်သည်... လမ်းမပေါ်မှာသွားလာနေတဲ့ကားတွေသည် မှန်ရှေ့မြင်ကွင်းကိုရှင်းလင်းစေရန် ကား Wiper ကိုသုံးပြီး နှင်းမှုန်တွေကို ခပ်မြန်မြန်ဖယ်ရှားပစ်နေ၏...

သူကတော့ ဒီနေ့ထီးကလည်းပါမလာသလို အမိုးရှိတဲ့တစ်နေရာမှာ ခဏနေဖို့လည်းအခြေအနေကမပေးခဲ့... ခြေထောက်အစုံရဲ့ ဦးတည်ရာက ပိုးသတ်ဆေးနံ့တွေလှိုင်လှိုင်ရတဲ့နေရာတစ်ခု... စောင့်ကြိုနေတဲ့သူက ကိုမာရောဂါသည်ဖခင်ကြီး... သူ့ကိုစောင့်နေတဲ့သူက သတိမရှိတဲ့ဖခင်ကြီးတစ်ယောက်တည်းတော့မဟုတ်ခဲ့... ဒီနေ့ဆို ဆေးရုံကိုပေးချေရမယ့်အကြွေးတွေအတွက် ခပ်ဝဝစာရေးမကြီးကလည်း သူ့ကိုတမျှော်မျှော်စောင့်နေလောက်ပြီ... လက်ထဲကပိုက်ဆံတွေကို ခပ်ကျစ်ကျစ်ဆုပ်ကိုင်ရင်း သူ့မှာပြန်စရာအိမ်မရှိတော့တဲ့အသိက ခေါင်းထဲကိုမဖိတ်ခေါ်ပဲဝင်လာ၏...

နှင်းတွေထဲပြေးလွှားကာ အပူအပင်မဲ့ဆော့နေတဲ့ကလေးတွေဆီ အကြည့်တို့ရောက်မိတော့ အားကျရုံကလွဲလို့တခြားခံစားချက်မရှိခဲ့ပါ... ဒါပေမယ့် ဘာလို့သူ့ဘဝက ဒီလောက်အထိခက်ခဲနေရတာလဲ...

စီးနေကျကားမှတ်တိုင်နားမှာ သူ့ကိုကြိုစောင့်နေတဲ့ ဘတ်ဆွန်းအီတို့အဖွဲ့... လက်ထဲကပိုက်ဆံလိပ်ကိုပိုကျစ်အောင်ဆုပ်လိုက်တာကို မြင်ဖြစ်အောင်မြင်သွားသေးသည်...

"ကင်မ်ဆော့ဂျင်... ပိုက်ဆံနည်းနည်းပေးခဲ့..."

ဆော့ဂျင်မှာလက်ကိုနောက်ကိုဖွက်လိုက်ပြီး ခေါင်းကိုခါယမ်းကာအကြောက်အကန်ငြင်းသည်...

Athena's Mini Stories (KookJin)Where stories live. Discover now