It Rained, But.....

679 101 15
                                    

ငြိမ့်ညောင်းညှင်သာလွန်းစွာ တဖွဲဖွဲရွာမဆုံးလေသော ဇူလိုင်မိုးဖွဲလေး၏အေးမြမှု... ထိုအေးမြငြိမ့်ညောင်းခြင်းတို့နဲ့တူယှဥ်တွဲလျက် စီးချက်ညီညီမိုးစက်သံခပ်သဲ့သဲ့တို့မှာ အာရုံထဲသို့အခွင့်မရှိဝင်ရောက်လာသည်...

နေ့တစ်နေ့အစပြုရာ မနက်ခင်းတစ်ခုဆီ ရောက်ရှိလာခဲ့ပြန်ပြီပေါ့...

အချိန်တွေကုန်ဆုံးတာ သိပ်ကိုမြန်ဆန်လွန်းပါသည်...

ပုံမှန်မနက်ခင်းများကဲ့သို့ တကျီကျီဌက်သံတွေမကြားရ... ဌက်သံလေးတွေအစား မိုးသံတဖျောက်ဖျောက်ကသာနေရာယူထား၏...

အထွေအထူးလည်းလုပ်စရာမရှိသည်မို့ အငွေ့တထောင်းထောင်းကော်ဖီတစ်ခွက်ကိုသာ လက်ထဲမှာကိုင်ထားသည်... နားထောင်နေကျငြိမ့်ညောင်းသာယာသော သံစဥ်ပြေပြေလေးက အခန်းထောင့်တစ်နေရာက စားပွဲစင်လေးကနေတိုးထွက်လာသည်... မိုးသံတဖျောက်ဖျောက်နှင့် သံစဥ်ချိုချိုတို့ကလွဲပြီး အိမ်ထဲတွင်မည်သည့်အသံမှရှိမနေ... ပကတိငြိမ်သက်နေလျက်...

သူတစ်ယောက်တည်းသာရှိနေသော နှစ်ထပ်အိမ်ငယ်ဒုတိယထပ်၏ မှန်ပြတင်းပေါက်ကနေ ဦးတည်ချက်မရေမရာငေးမိသည်... အိမ်ရှေ့ကတ္တရာလမ်းပြေပြေလေးက မိုးရေတို့ဖြင့်စိုစွတ်နေသလို ပန်းပွင့်ငယ်လေးတွေနဲ့ သစ်ပင်သစ်ရွက်တို့မှာလည်းစိမ်းစိုစို... အိမ်ငယ်လေးနှင့်ကပ်လျက်ရှိ ထင်းရှူးပင်တွင် ရေစက်တချို့ကတွဲလွဲခိုနေသည်...

ဒီမနက်မိုးတွေရွာနေတယ်... ဒါပေမယ့်...

ပြာလဲ့လဲ့မှန်ချပ်တွင် မဟော်ဂနီရောင်ဘောင်ဖြင့်ကွပ်ထားသော မှန်ပြတင်း... မှန်ချပ်သည်ကြည်လင်ခြင်းမရှိ... မထိတထိဖြင့် လာရောက်ဆော့ကစားလေသော မိုးရေစက်အမှုန်အမွှားများသာနေရာယူထားသည်... မှန်တစ်လျှောက်စီးဆင်းလာသော မိုးရေလမ်းကြောင်းလေးတွေက တစ်သမတ်တည်းမဟုတ်၊ညီညာခြင်းလည်းမရှိ... မှန်ချပ်များတွင်ရေငွေ့ရိုက်ထားကာ မြင်ကွင်းကိုနှောင့်ယှက်နေ၏... ပြတင်းပြင်ပကမြင်ကွင်းတို့အစား ကော်ဖီခွက်ကိုင်ထားလေသော ကိုယ့်ကိုယ်ကိုသာမထင်မရှားဖြင့်မြင်ရသည်...

Athena's Mini Stories (KookJin)Where stories live. Discover now