It Rained, But (2)......

608 93 36
                                    

ဘယ်လိုပဲမသိချင်ယောင်ဆောင်ပေးထားပါစေ မည်မျှပင်ခွင့်လွှတ်ထားနိုင်ဦးတော့... အကြောင်းအရာတို့ကတိုက်ဆိုင်လွန်းနေခဲ့သည်...

ထိုနေ့ကသူတို့နှစ်ယောက်ရဲ့ သုံးနှစ်ပြည့်နှစ်ပတ်လည်နေ့... ဂျယ်ဂျူကျွန်းကိုသွားဖို့ ကြိုတင်စီစဥ်ထားခဲ့ကြတာ... အကြာကြီးနေမှ အတူတူသွားဖြစ်တဲ့ ခရီးလေးတစ်ခုဖြစ်သည့်အလျောက် လှပသောအမှတ်တရလေးတွေ ထင်ကျန်စေချင်ခဲ့သည်...ဒါ့ကြောင့်လည်း သူအများကြီးကြိုတင်ပြင်ဆင်ထားခဲ့တာ၊ မျှော်လင့်စိတ်ကူးယဥ်ထားခဲ့တာ... ဆင်တူအကျီလေးတွေ၊ ဖိနပ်လေးတွေ၊ ဦးထုပ်နဲ့ Luggage ကအစ လိုက်ဖက်ညီအောင် အသေးစိတ်စဥ်းစားပြီးပြင်ဆင်ခဲ့၏...

*Hyung... အခုဘယ်မှာလဲ...*

နောက်ထပ် ၄၅ မိနစ်နေရင် လေယာဥ်ကထွက်တော့မည်ကို ဘယ်မှာလဲလို့မေးလာသည်မို့ သူစိတ်ထဲမှာတင်းခနဲ...

*မင်းကိုဘယ်မှာလဲလို့မေးရမှာ... ခဏနေရင်ပဲလေယာဥ်ထွက်တော့မယ် အခုထိရောက်မလာသေးဘူး... မင်းဘာလို့...*

*Hyung... တောင်းပန်ပါတယ်... တစ်ကယ်တောင်းပန်ပါတယ်...*

ဆော့ဂျင်ရင်ထဲမှာဆစ်ခနဲ... တောင်းပန်ပါတယ်ဆိုတဲ့စကားက တောင်းပန်ရမယ့်ကိစ္စတစ်ခုခုကို လုပ်ထားပြန်ပြီဟုဝန်ခံခြင်းတစ်မျိုးပင်... ပြဿနာဖြစ်တိုင်း အကြောင်းအရင်းတစ်ခုဖြစ်လေ့ရှိတဲ့ ချွဲဆူယွန်းနဲ့မသက်ဆိုင်ပါစေနဲ့လို့ ခံပြင်းနေသည့်ကြားကကြိတ်၍ဆုတောင်းမိသည်...

စိတ်ကိုဘယ်လိုပဲတင်းထားပါစေ ရင်ဘတ်တစ်နေရာကနေ အရင်းခံတဲ့ပူလောင်မှုက ခန္ဓာကိုယ်တစ်ခုလုံးဆီကိုပျံ့နှံ့သည်... ဦးနှောက်ကတော့ အလုပ်လုပ်နေတုန်းမို့ နာကျင်မှုရဲ့နောက်မှာ ဒေါသစိတ်၊ကြောက်ရွံ့စိတ်တွေပါရောယှက်ပါလာ၏... သူတို့နှစ်ယောက်လုံးစက္ကန့်ပိုင်းလောက် ငြိမ်သက်နေခဲ့ကြသည်...

*ကျွန်တော်... ဒီနေ့ခရီးကိုသွားဖို့ အဆင်မပြေတော့ဘူး Hyung ရယ်... တောင်းပန်ပါတယ်... ကျွန်တော့်သူငယ်ချင်းကဆေးရုံရောက်နေလို့ ကျွန်တော်မရှိရင်မရလို့ပါ Hyung... လာမယ့်ပိတ်ရက်မှပဲဖြစ်ဖြစ် ကျွန်တော်တို့သွားရအောင်နော် Hyung... အဲ့တာ...*

Athena's Mini Stories (KookJin)Tahanan ng mga kuwento. Tumuklas ngayon