Part 18

101 13 0
                                    

သာမန်ထက် ပိုမှောင်နေတဲ့ ည....
သာမန်ထက် ပိုတိတ်ဆိတ်တဲ့ ည....
လေပြင်းတွေ ပြင်းထန်စွာ တိုက်ခိုက်တဲ့ ည....
မိုးခြိမ်းသံတွေ ဟိန်းနေတဲ့ ည....

"Felix မင်းတော်တော်ခေါင်းမာတာပဲ...မင်းကောင်ကို မင်းဖွက်ထားတာ မှတ်လား အခုချိန်ထိမရောက်လာသေးပုံထောက်ရင် မင်းတို့တစ်ခုခုညှိထားတယ် ... ငါထပ်မေးမယ် မင်းကောင်ဘယ်မှာလဲ...."

"မ...သိ...ဘူး"
Felix တကယ်ပဲ မသိတာပါ...

"ရတယ်လေ... မင်းမပြောဘူးဆိုရင်လည်း သူ့အစားမင်းပဲ ခံပေါ့"

တိုင်မှာ လက်ပြန်ကြိုးတုပ်ထားခံရတဲ့ felix... အပေါ်ပိုင်းအကျီမရှိပေ...
ရေနဲ့ပက်လိုက်...ဆူးပါတဲ့ ကြာပွတ်နဲ့ရိုက်ခံလိုက်ရဖြင့် နှိပ်စက်ခံနေရသည်
အအေးဓါတ်နဲ့ နာကျင်တဲ့ဒဏ်ကို အလူးအလဲခံနေရသည်

ထိုအိမ်မှာရှိသမျှ လူတွေအကုန်လုံးကို မာယာမှာ
ဂါထာအစွမ်းများဖြင့် စီရင်ကာ စိတ်ရိုင်းတွေစိတ်တွေ သွင်းထားခဲ့တာပင် နဂိုထဲက လူယုတ်မာသန္ဓေနှင့်လူသားများဖြစ်၍ မကောင်းဆိုးဝါးစိတ်သွင်းရသည်မှာ လွယ်ကူလွန်းသည်

ကြာပွတ်နှင့် အားရစွာရိုက်ပြီး felixကို ဒီအတိုင်းပစ်ထားခဲ့သည်

သွေးအလိမ်းလိမ်းနဲ့ငြီးငြူနေတဲ့
လူသားလေးတစ်ဦး...

"Hyunjin ah... ငါ့ကို ကယ်ပါဦး...ငါအရမ်းနာနေပြီ"

"မမလေးမာယာ မမလေးလိုချင်နေတဲ့ ကောင် မလာသေးဘူးနော် ... မမလေး အစီရင်ချထားခဲ့တာမှ ဟုတ်ရဲ့လား...."

Felix ပထွေးရဲ့ စကားက မာယာကို စိုးထိတ်စေသည်

"Felix ကိုမေးနေတာလည်း အဖြေမရသေးဘူးလား"

"မရသေးဘူး...မမလေး ဒီကောင် ခေါင်းမာနေတယ် ဒါပေမဲ့ မပူပါနဲ့ သူပြောလာမှာပါ"

"သူ့ကို ဘာမှထပ်မလုပ်နဲ့တော့ မြို့စားကြီး.
..ကျွန်မ နောက်ထပ် ထပ်ကြံဦးမယ်"

" felix သူပြောတော့မှာပါ နည်းနည်းလောက်ထပ် နှိပ့်စက်လိုက်ရင်...."

"မြို့စားကြီး ...အဲ့ကောင်လေး တစ်ခုခုဖြစ်သွားရင် ရှင်တို့ နတ်ဆိုးတစ်ကောင်ရဲ့ဒေါသကို ရင်ဆိုင်ရလိမ့်မယ်...ရှင်တို့ အဲ့ဒေါသကို ရင်ဆိုင်ဖို့ အင်အားမရှိဘူး..."

The Moon of Midnight Devil Where stories live. Discover now