Part 29

107 13 2
                                    

အသည်းအသန် အသက်လုပြေးနေရတဲ့ စုန်းလူသား
တစ်ဦး...
သူ့အား သဲကြီးမဲကြီးလိုက်နေသော မဟူရာအရှင်
မပြေးလို့လည်းမရ...မပြေးရင် နှိမ့်စက်ခံရမယ်
အသက်လုပြီး ပြေးရင်တော့ နာ မည့်အရေးက ဝေး
မည်တဲ့လေ...

ပြေးရင်း လမ်းဆုံးသွားကာ ချောက်ကပါးသာ ရှိတော့လေသည်
ဆက်ပြေးလို့ မရတော့၍ ထိုသူမှာ ရပ်လိုက်ရသည်

"အာ... ပျော်စရာမကောင်းတော့ဘူး ချောက်မြင်တာနဲ့ ရပ်လိုက်ရောလား... ခုန်ချလိုက်တာမဟုတ်ဘူး

"အရှင်ရယ်... ချမ်းသာပေးပါ..."

"အေး... ငါလည်း စိတ်ရှိလက်ရှိ လုပ်ချင်ပေမယ့် ငါ့ကလေးအတွက် ဖခင်ကောင်းဖြစ်ချင်လို့ မလုပ်တော့ဘူး...သွား ...ပြန်တော့..."

"အ...အ ရှင်..."

"သွားတော့ ငါ စိတ်မပြောင်းခင်...."

ထိုသူမှာ...hyunjin ကိုအရိုအသေပေးရင်း ပြေး ထွက်သွားတော့သည်

ချောက်ကပါးစွန်းကနေ hyunjin ရှုခင်းကိုကြည့်လိုက်သည်...မက်မောလောက်စရာမြင်ကွင်း မဟုတ်ပေမဲ့ လွမ်းမောစရာ ဆည်းဆာပင်....

Hyunjin သူ့နောက်ကို တစ်ခုခုချဥ်းကပ်လာတာကို ခံစားလိုက်ရသည်
တိုက်ခိုက်ဖို့ အသင့်အနေအထားနဲ့ လှည့်ကြည့်လိုက်သည်
ထိုနောက် မြင်ကွင်းက hyunjin ကိုအရမ်းကို အံသြသွားစေသည်

Hyunjin လို ငွေမှင်ရောင်ဆံပင်ရှည်...နီရဲနေတဲ့မျက်လုံးတွေ...ပိန်လှီးနေတဲ့ခန္ဓာကိုယ်...ခန္ဓာကိုယ်အနှံမှာထင်ရှားနေတဲ့ မှော်ဆန်ဆန်ဆေးမင်ကြောင်မှော်စာလုံးတွေ...ရှည်လျားတဲ့လက်သည်းရှည်ခွံတွေ... မိစ္ဆာကောင်တွေလို သေနေတဲ့မျက်ဝန်းတွေနဲ့....မာယာ....

"နင်....နင်..."

"ဟုတ်ပါတယ်...ကိုလတ်..ငါပါ နင့်ညီမလေးမာယာပါ"

"နင် ဘယ်လိုလုပ် ဒီပုံစံ ဖြစ်...."

"ငါလည်း နင့်အဖေရဲ့သမီးပါ သူ့သွေးပါတယ်လေ
နည်းနည်းလေးကြိုးစားအားထုတ်လိုက်တာ ဒီပုံစံဖြစ်သွားတာပဲ...ဒါနဲ့ သိလား ငါဒီပုံစံဖြစ်သွားတော့လေ အရမ်းနေလို့ကောင်းသွားတယ်..."

Hyunjin ဘာပြောရမှန်းမသိအောင်ကို အံသြနေရသည်

"သြော် စကားမစပ်...ကိုလတ် ဂုဏ်ပြုပါတယ်
မကြာခင် ကလေးအဖေဖြစ်လာတော့မှာကို...felixက နင့်ကို တော်တော်ချစ်တာပဲ...နင့်ကလေးကိုတောင် မွေးပေးမယ်ဆိုတော့လေ..."

The Moon of Midnight Devil Where stories live. Discover now