13-မေပယ်ရွက်ထက် နီသော အင်္ကျီ ၊ ဆီးနှင်းလိုဖြူသော အသားအရေ

1.6K 184 1
                                    

|| မေပယ်ရွက်ထက် နီသော အင်္ကျီ ၊ ဆီးနှင်းလိုဖြူသော အသားအရေ [အပိုင်း ၁] ||

ဒါပေါ့ ဒီကိစ္စမျိုးဟာ ဘယ်တုန်းကမှ သူ့နှုတ်ကနေ ကျယ်ကျယ်လောင်လောင် ထုတ်ပြောမှာ မဟုတ်တဲ့ အရာမျိုးပဲ ။ သို့သော်လည်း သူ ငွေမင်ရောင်လိပ်ပြာတွေအကြောင်း ပြောခဲ့တုန်းက နန်ဖုန်းနဲ့ ဖူယောင်ရဲ့ မျက်နှာတွေ ဖြူရော်သွားခဲ့တာ အံ့သြစရာမရှိတော့ ။ သူတို့ကိုယ်တိုင်လည်း သူတို့ရဲ့ စစ်သူကြီးတွေနဲ့ အတူလိုက်ရင်း ငွေမင်ရောင်လိပ်ပြာတွေရဲ့ အရှင်သခင်နဲ့ ထိပ်တိုက် ကြုံဖူးခဲ့တာကြောင့် ဖြစ်မယ်လို့ ယူဆနိုင်တယ် ။

နတ်မင်းတစ်ပါးက မေးတယ် ။

" အိမ်ရှေ့စံအရှင့်သား ! သင် ဟွားချန်နဲ့ တွေ့ခဲ့တယ်ဆိုတော့ သူ ... သူ .. သူ ... သူ သင့်ကို ဘာလုပ်လိုက်လဲ ?"

သူမေးတဲ့ အဲဒီလေသံက " သင့်လက်ရော ပြန်ပါလာရဲ့လား ? သင့်ခြေထောက်ရော အကောင်းတိုင်းရှိသေးရဲ့လား ?" လို့ မေးတဲ့ လေသံနဲ့ ပိုတူနေတယ် ။

ရှဲ့လျန်က ပြန်ဖြေလိုက်တယ် ။

" သူက ဘာမှမလုပ်ပါဘူး ... ဒီတိုင်း ..."

သူပြောရင်းတန်းလန်း ဘာဆက်ပြောရမှန်းမသိဖြစ်သွားတယ် ။ ရှဲ့လျန်ရဲ့ ခေါင်းထဲမှာ အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ ပလုံစီလာခဲ့တယ် ။

[ ဒီတိုင်း ... ဘာလဲ? " ဒီတိုင်းသူက ကျွန်ုပ်ရဲ့ မင်္ဂလာဝေါယာဉ်ကို လာလုပြီး ကျွန်ုပ်လက်ကို တစ်လျှောက်လုံးဆွဲပြီး ခေါ်သွားတယ် " လို့လည်း ပြောလို့ မဖြစ်ဘူး မဟုတ်လား !!!?]

တစ်ခဏအကြာ ငြိမ်သက်နေပြီးမှ သူပြောလိုက်တယ် ။

" သူက ယွီကျွင်းတောင်ပေါ်မှာ တစ္ဆေမ ရွှမ်းကျီး စီရင်ထားတဲ့ ရှုပ်ထွေး အန္တရာယ်များတဲ့ အစီအရင်ကို ဖျက်ဆီးပစ်ပြီး ကျွန်ုပ်ကို အဲဒီနေရာဆီကို ခေါ်ဆောင်သွားပေးတာ "

နတ်မင်းအများစုဟာ သူ့ရဲ့ အဖြေစကားကြောင့် စိတ်ရှုပ်ထွေးနှောက်ကျိလေးလံကာ စိတ်နှလုံးမသက်မသာ ဖြစ်ကုန်ကြပြီး အချင်းချင်း တီးတိုးပြောသူပြော ငြိမ်ကျသွားသူ ငြိမ်ကျနဲ့ ဖြစ်ကုန်ကြတယ် ။ တစ်ခဏအကြာမှ နတ်မင်းတစ်ပါးက ထပ်မေးတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Место, где живут истории. Откройте их для себя