8-တစ္ဆေကျင်းပတဲ့ မင်္ဂလာပွဲ ၊ မင်္ဂလာဝေါယာဉ်ပေါ်က အိမ်ရှေ့စံ

1.6K 189 3
                                    

|| တစ္ဆေကျင်းပတဲ့ မင်္ဂလာပွဲ ၊ မင်္ဂလာဝေါယာဉ်ပေါ်က အိမ်ရှေ့စံ [ အပိုင်း ၃] ||

သူ လက်ကို လှမ်းလိုက်ရမလား ... မလှမ်းဘဲ နေရမလား ..?

ရှဲ့လျန်ဟာ တည်တည်ငြိမ်ငြိမ် နဲ့ တိတ်ဆိတ်စွာပဲ ဆက်ထိုင်နေတယ် ။ အခုထိ သူဘယ်လိုလုပ်ရမလဲလို့ စဉ်းစားနေတုန်းရှိသေးတယ် ။ သူအနေနဲ့ ခေသူမဟုတ်ဟန်ပန်နဲ့ ကျဉ်းထဲကြပ်ထဲ ကြားကနေ အတင်းရုန်းကန်တိုက်ခိုက်လိုက်ရမလား ? ဒါမှမဟုတ် ရုတ်တရက် စိတ်လွတ်ပြီး ကြောက်ရွံ့ထိတ်လန့်စွာနဲ့ ဝေါယာဉ်ထဲ အတင်းတိုးပုန်းနေတဲ့ သတို့သမီးအသစ်ကလေးလို ဟန်ဆောင်နေရမလား ? ကမ်းလက်ပိုင်ရှင်ဟာ သိပ်စိတ်ရှည်ပြီး ရည်မွန်တယ် ။ ရှဲ့လျန် မလှုပ်ရှားသေးသ၍ ရှဲ့လျန်ရဲ့ အဖြေကို စောင့်ဆိုင်းနေသလိုနဲ့ အဲဒီလက်တစ်ဖက်ဟာ မလှုပ်မယှက် ငြိမ်သက်လို့ ။

တစ်ခဏအကြာမှာ ရှဲ့လျန်တစ်ယောက် မိစ္ဆာအပူးခံလိုက်ရသည့်အလား အမှန်တကယ်ပဲ လက်လှမ်းလိုက်မိတော့တယ် ။

အဲဒီနောက် သူထရပ်လိုက်ပြီး ဝေါယာဉ်အပြင်ကို ထွက်ရန် ခန်းစီးလိုက်ကာစကို ဖယ်ဖို့ လက်အလှမ်း အပြင်ကသူဟာ သူ့ထက်ဦးစွာ အနီရောင် ပိုးဖဲ လိုက်ကာစကို ဖယ်ထားပေးနှင့်ပြီးပြီ ။ သူ့လက်ကို ကိုင်ထားတဲ့ သူဟာ မတော်တဆ လက်ကို အနာတရ ဖြစ်သွားမှာ စိုးရိမ်နေသလိုနဲ့ အတင်းဆုတ်ကိုင်မထားဘဲ ခပ်ဖွဖွသာကိုင်ထားတယ် ။ ဒီအချင်းအရာကြောင့် ထိုသူဟာ အင်မတန် သတိရှိပြီး ဂရုစိုက်တတ်တယ်လို့ တွေးထင်မိလာစေတယ် ။

ရှဲ့လျန်ဟာ သူ့ခေါင်းကို အသာငုံ့လိုက်တယ် ။ သူဟာ တစ်ဖက်လူရဲ့ ဦးဆောင်ခေါ်ယူမှုအတိုင်း ဝေါယာဉ်ထဲက ဖြည်းဖြည်းလေး လှမ်းထွက်လာလိုက်တယ် ။ သူအောက်ကို ငုံ့ကြည့်လိုက်တော့ ဝံပုလွေအသေကောင်တွေနဲ့ ပီနူအသေကောင်တွေဟာ ဝေါယာဉ်နံဘေး မြေကြီးပေါ်မှာ ပုံထပ်နေတာကို ရိပ်ခနဲ မြင်လိုက်ရတယ် ။ သူတို့ဟာ ရှဲ့လျန်ရဲ့ ပိုးစ ရော့ယယ်လက်ချက်နဲ့ ကိစ္စတုံးခံလိုက်ရတာတွေ ဖြစ်မယ် ။ ရှဲ့လျန်အတွေးများပြီး သတိမထားဘဲ လှည့်လိုက်တာကြောင့် ခလုတ်တိုက်သွားခဲ့ပြီး အထိတ်တလန့် ပင့်သက်တရှိုက်နဲ့အတူ သူ ချော်လဲတော့မလို ဖြစ်သွားတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Tahanan ng mga kuwento. Tumuklas ngayon