29-အဖြူရောင် ဝတ်ရုံနဲ့ လေအရှင်သခင် ၊ ဗလာနတ္တိမှ သဲမုန်တိုင်းဖန်တီးစီရင်

1.4K 172 11
                                    

|| အဖြူရောင် ဝတ်ရုံနဲ့ လေအရှင်သခင် ၊ ဗလာနတ္တိမှ သဲမုန်တိုင်းဖန်တီးစီရင် ||


ရှဲ့လျန်ဟာ သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ ရှေ့ထွက်ကာ စန်းလန်ရှေ့က ပိတ်ကာရပ်လိုက်ပြီး ပြောတယ် ။

"ငါဘာလဲဆိုတာ တခြားသူထက် ငါ့ကိုယ်ငါ ပိုသိတာပေါ့"

" ဒါဖြင့် ဘာလို့ သူဘေးမှာ ရပ်နေဝံ့သေးလဲ?" ဖူယောင်က အော်တယ် ။

ရှဲ့လျန်က ရိုးရိုးသားသား ပြန်ဖြေတယ် ။ " ဘာလို့လဲဆိုတော့ ... ငါသူ့ဘေးမှာရပ်နေရင် မြွေတွေမလာဘူးလေ"

".........."

အဲဒီအဖြေစကားမျိုး ကြားရတော့ စန်းလန်ဆီက ထိန်းချုပ်မနိုင်ဖြစ်သွားတဲ့ ခွိခနဲ အသံမျိုးထွက်လာပြီးနောက် တဟားဟားနဲ့ အော်ရယ်နေတော့တယ် ။

ဖူယောင်မျက်နှာက ပိုတင်းသွားပြီး နဖူးကျောတွေတောင် ထောင်ထလာတယ် ။

" မင်း!!!"

မျက်နှာက တင်းမာရင်း တင်းမာရင်း သူ့မျက်နှာဟာ ရုတ်တရက် မဲမှောင်သွားတယ် ။ တကယ်က သူ့မျက်နှာမှ မဟုတ် ရှဲ့လျန် မြင်နိုင်သလောက် မှိန်ပြပြ ဝန်းကျင်တခွင်လုံး မဲမဲမှောင်သွားတာပဲ ။

မီးတောက် ကန့်လန့်ကာတွေနဲ့ ဖူယောင်စီရင်ထားတဲ့ မီးကွင်းဟာ ရုတ်ချည်းဆိုသလို လုံးဝ အဆုံးသတ်ကွယ်ပျောက် ချုပ်ငြိမ်းသွားခဲ့ပြီ !

ရှဲ့လျန်တစ်ယောက် စန်းလန်ဆီက ကျိတ်ရယ်သံနဲ့အတူ "အသုံးမကျတဲ့ အမှိုက်သရိုက်" လို့ ပြောသံကြားလိုက်ရပြီး ပုခုံးကိုလာဆုတ်ကိုင်တာခံလိုက်ရကာ သူ့ကိုယ်လုံးနားကို ဆွဲကပ်ခံလိုက်ရတယ် ။ သိပ်မကြာခင်မှာပဲ သူတို့အပေါ်ကနေ ရုတ်တရက် သည်းထန်စွာ မိုးရွာချသလို အဆက်မပြတ်ရိုက်ခတ်မှုမျိုးတွေ ရှဲ့လျန် ကြားလိုက်ရတယ် ။ အဲဒါဟာ မိုးကြိုးမုန်တိုင်းတစ်ခု ထီးပေါ်ကို လာရိုက်ခတ်နေသလိုပဲ ။

ပြောပြနေစရာမလိုတော့ ။ ဒါဟာ အကာအကွယ် အစီအရင် မရှိတော့တဲ့နောက် အရူးအမူး ဒလောဟောတိုက် ပြုတ်ကျလာကုန်တဲ့ ဒုတိယမြောက် မြွေမိုးဖြစ်တယ် ။ အရှိန်ပြင်းပြင်း ဒလဟော ပြုတ်ကျလာတဲ့ မြွေတွေကို ထီးဖွင့်ကာ ကာထားခဲ့ပြီး လေထုထဲမှာ ပြင်းထန် ဆိုးရွားတဲ့ သွေးညှီနံ့ကို ရှဲ့လျန်ရှုရှိုက်မိနေတယ် ။ သူက တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်စဉ် စန်းလန်က သူ့ကို တားလိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now