မယားပါသမီး(or)My Stepbrother-(Part-1)
''တောင်းပန်ပါတယ် အမေကြီးကိုကယ်ပေးပါ တောင်းပန်ပါတယ်အမေကြီးကိုကယ်ပေးပါ ဒီလိုဒီလိုတောင်းပန်ပါရစေ အမေကြီးကိုကယ်ပေးကြပါကျွန်တော့်တောင်းပန်ပါတယ် ''
ကား accidentကြောင့် အမေ့ဖြစ်သူ အသက်အန္တရာယ်စိုးရိမ်နေရတဲ့အချိန် သူတို့အနားမှာ ဘယ်သူမှမရှိနေခဲ့ပါ။ ဆေးရုံထဲမှာလည်း သူသူကိုယ်ကိုယ် အလုပ်ရှုပ်နေကြပြီး အသက်ငင်နေတဲ့အမေနားကို ဆရာဝန်တွေက ယောင်လို့တောင်မှလှည့်မကြည့်ကြ။ မာန်စိုင်းခ မျက်ရည်လည်ရွှဲနဲ့ သွေးအလူးလူးအလိပ်လိပ် ဖြစ်နေတဲ့ သူ့အမေလက်ကို ဆုပ်ကိုင်၍..
''အမေ့ကို ကြည့်ပေးကြပါ တောင်းပန်ပါတယ်''
မာန်စိုင်းခရဲ့ တောင်းပန်အော်ဟစ်နေတဲ့ အသံက ဆေးရုံအတွင်း ဆူညံနေသည်။
'' အမေကိုကယ်ပေးပါ တောင်းပန်ပါတယ်''
ဒူးထောက်ပြီးတောင်းပန်ပေမဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပုံရတဲ့ မိန်းမကြီးတစ်ယောက်က သူရှေ့မှာ အသက်ဆန့်ငင်နေပြီဖြစ်တဲ့ လူနာရှိတာကိုမှ မျက်နှာတောင် နည်းနည်းလေးမပျက်သွားဘဲ ..
''မိသားစုလာမှ ခွဲစိတ်လို့ရမှာ ရှုပ်ရှုပ်ယှက်ယှက်တွေ နားညီးလိုက်တာ ခွဲစိတ်ခတောင် တတ်နိုင်ကြရဲ့လားမသိဘူး ဟွန့်''အသက်တဆယ့်ရှစ်နှစ်မပြည့်သေးတဲ့ မာန်စိုင်းခက သူ့အမေခွဲစိတ်မှုအတွက် လက်မှတ်ထိုးလို့မရ။ ဒယ်ဒီကလည်း နိုင်ငံခြားကို ရောက်နေတဲ့အချိန် သူမှာ တစ်ယောက်တည်း ကူကယ်ရာမဲ့စွာ။ ဒဏ်ရာဗရပွနဲ့ သွေးသံတလိပ်လိပ် ထွက်နေတဲ့ အမေ့ရဲ့အနားမှာ အော်ဟစ်ငိုယိုရုံသာ တတ်နိုင်သည်။
'' ဒီကလေးကဘယ်သူလဲ''
''ကား accident ဖြစ်တဲ့မိန်းမကြီးရဲ့သားဖြစ်မယ်ထင်တယ်''
''အော် ခွဲစရိတ်တွေလည်း ပေးနိုင်မယ့်ရုပ်လည်းမပေါ်ဘူး''
အသက်ငင်နေတဲ့လူနာရဲ့ရှေ့မှာ ဆရာဝန်မတစ်ယောက်က အကြင်နာတရားကင်းမဲ့စွာ ပြောနေတာကို သူ့နားနဲ့ဆတ်ဆတ် ကြားခဲ့ရသည်။ သွေးတွေနဲ့စိုရွှဲနေတဲ့ သူ့အမေကို ဘယ်သူမှ လာကြည့်မယ့်သူ မရှိကြတဲ့အပြင် ဖြစ်သလိုထားထားတာတွေ့ရလေ သားဖြစ်သူ မာန်စိုင်းခရဲ့ရင်ထဲမှာ သွေးစိမ်းရှင်ရှင် ထွက်ရသလိုပါပဲ။
YOU ARE READING
မယားပါသမီး(or)My Stepbrother
Romanceအခန်းတိုင်းလိုလို warningပါမှာဖြစ်တာကြောင့် ၁၈နှစ်ပြည့်ပြီးမှသာ ဖတ်ကြပါရန် 🍼🍼🌚🌚🚨🚨