Description

189 19 3
                                    

#Unicode
Description

ရှောင်လန်ဆိုသည်မှာ ပိုက်ဆံလိုအပ်သည့် မည်သည့်ကိစ္စကိုမဆို မလုပ်နိုင်သည့်လူတစ်ယောက်ဖြစ်သည်။ (T/n: တစ်နည်းအားဖြင့် အမွဲတကာ့ထွတ်ခေါင်ဖွတ်မင်းနောင်တစ်ယောက်)

တစ်နေ့အလုပ်မှအပြန်လမ်းတွင် အမှောင်ထု၏ဝါးမြိုခြင်းကို ခံခဲ့ရပြီး မျက်လုံးပြန်ဖွင့်လိုက်ချိန်တွင် ကြောက်မက်ဖွယ်ရာ အန္တရာယ်များလှသော survival ဂိမ်းထဲရောက်နေကြောင်း မြင်လိုက်ရသည်။

ဖျက်လို့မရသော app: ပါဝင်သူများအားလုံးသည် သေခြင်းတရားမှလွဲ၍ ဤနေရာမှ မလွတ်မြောက်နိုင်ပါ...

သာမန်ကစားသမားများ: ကယ်ကြပါဦး ငါမသေချင်ဘူး!!!

ရှောင်လန်: ဆောတီးနော်... ငါ့ဖုန်းက တအားစုတ်နေတော့ အလုပ်ဆက်မလုပ်တော့လို့... ခဏလောက်စောင့်ပေးလို့ရမလား?

ရှေးဟောင်းတီဗီအိုကြီးထဲမှ ထွက်လာသည့် လက်တစ်ဖက်: ဖမ်းမိသည့်သူမှန်သမျှကို ၎င်း၏ကမ္ဘာထဲသို့ ဆွဲသွင်းနိုင်သည်....

သာမန်ကစားသမားများ: အား!!!! ဘယ်လိုလုပ်ကြမလဲ?!

ရှောင်လန်: အိမ်သုံးပစ္စည်းအဟောင်းတွေကို နှစ်ပေါင်းများစွာ ပြင်ဆင်လာခဲ့တဲ့ ငါ့ရဲ့အတွေ့အကြုံအရ ဒီလိုတီဗီအမျိုးအစားမျိုးကို ဒီလိုဖွင့်လို့ရနိုင်တယ်...

နောက်ဆုံးတွင်တော့ တစ်နေ့၌ ဘော့စ်များအားလုံးက ရှောင်လန်ကို ဝိုင်းထားပြီး ဤဂိမ်းbugကြီးကို ကိုင်တွယ်ရန်ပြင်လိုက်ကြသည်။

သို့သော်လည်း ထိုသူက သူ၏အင်္ကျီလက်များကို ခေါက်တင်ပြီး ခြေတံရှည်များဖြင့် တစ်လှမ်းချင်းလှမ်းလာကာ ဘော့စ်များကို သူတို့၏ တစ္ဆေဆန်ဆန်ဖွားမြင်ခဲ့မှုကိုပင် သံသယဝင်သွားအောင် ရိုက်နှက်လိုက်ခြင်းကို မြင်လိုက်ရသည်။

ရှောင်လန်: အချိန်ပိုအလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ရဲ့ ညဘက်သွားလာခဲ့ရတဲ့ ခရီးစဉ်တွေကို ဟာသများထင်နေလား?

လော့: ဆရာက အမြဲတမ်းချစ်စရာကောင်းနေတော့တာပဲ...

ဖြတ်သွားဖြတ်လာ(တုန်ရီနေလျက်): မင်းရဲ့ချစ်စရာကောင်းတယ်ဆိုတဲ့ ဖွင့်ဆိုချက်ကြီးက နည်းနည်းထူးဆန်းမနေဘူးလားကွာ....

Survial Gameတွေကိုဖြတ်ကျော်ဖို့ငါ့ရဲ့ဆင်းရဲမွဲတေမှုအပေါ်မှီခိုနေရတယ်Where stories live. Discover now