Ep 15

4.1K 117 1
                                    

Ep 15

"စာသင်ရတာအဆင်ပြေရဲ့လား"
"ပြေတယ်"

ရတုက မူပိုင့်ကို ကျောင်းသို့ညနေဘက်လာခေါ်ရာမှမေးလိုက်ခြင်းဖြစ်သည်။ရတုကမူပိုင့်ကို အငယ်တန်းတွေပဲသင်စေချင်၍ မူပိုင့်မှာရတုစီစဥ်သမျှကိုသာဘာမှမပြောတော့ဘဲငြိမ်နေလိုက်ရသညိ။

ပြီးတာနဲ့ရတုက မူပိုင့်ကိုတစ်ချက်ကြည့်ကာ....

"ဘာစားအုံးမလဲ"
"မစားတော့ဘူး"

"နေမကောင်းဘူးလား"
"ကောင်းပါတယ် ဒါနဲ့ ပြောစရာရှိတယ်"

ရတုက ခြံရှေ့သို့ရောက်သည်နှင့်ဟွန်းတီးလိုက်တော့ ​တံခါးလာဖွင့်ပေး၍ ခြံထဲသို့ မောင်းဝင်ခဲ့လိုက်သည်။ပြီးတာနဲ့ မူပိုင်နဲ့အတူကားပေါ်မှဆင်းကာအိမ်ထဲသို့ဝင်၍ အပေါ်ထပ်သို့တက်ခဲ့ကြသည်။မူပိုင်ကလက်ထဲတွင်ကိုင်ထားသော ပစ္စည်းတွေကို အခန်းထဲက ဆိုဖာပေါ်တွင်တင်လိုက်ကာ.....

"ပြောစရာဆိုတာထက် တောင်းဆိုတာ "
"အင်းပြောကြည့်လေ"

"ငါကျောင်းပိတ်ရက်တွေမှာ အရင်လိုပဲ မာတာရဲ့ကျောင်းကိုသွားပြီး ကလေးတွေကိုစာသင်ပေးချင်တယ်"
"ကျုပ်အဲ့ကျောင်းအတွက် ဆရာငှားပေးလိုက်မယ်"

ရတုကမူပိုင်နဲ့ပြောနေရင်း ရေချိုးဖို့အတွက် အင်္ကျီကြယ်သီးတွေကိုဖြုတ်နေလေသည်။မူပိုင်ကလိုချင်သောအရာမရ၍ ရတုအနားသို့လာကာ ကြယ်သီးကူဖြုတ်ပေးလိုက်ရင်း....

"ခွင့်ပြုပေးပါ ငါအဲ့ကလေးတွေကိုတကယ်သံယောဇဥ်ရှိလို့ပါ"
"မူပိုင်ရှင်"

ရတုက မူပိုင့်အားမျက်မှောင်ကြုတ်၍ကြည့်လိုက်တော့မူပိုင်က အကြံရသွားသည့်နှယ်...

"အဲဒါလေးတစ်ခုပဲလိုက်လျောပေးရင် မောင် လို့လည်းခေါ်မယ် စကားလည်းနားထောင်မယ်"

"မူပိုင်ရှင် ကျုပ်ကိုဒီလောက်နဲ့လိုရာပုံသွင်းလို့ရမယ်ထင်နေတာလား"

ရတုက အင်္ကျီကိုချွတ်ပြီးသည်နှင့်ရေချိုးခန်းထဲသို့ဝင်သွားဖို့ပြင်လိုက်ချိန်...

"ဒါဆိုဘာလုပ်ပေးရအုံးမလဲ"
"မလိုဘူး မောင် လို့မခေါ်လည်းရတယ် ခေါ်ချင်တဲ့သူတွေမှ တပုံကြီး"

မောင့်ရဲ့မူပိုင်ရှင်(Complete)Where stories live. Discover now