Ep 37
မူပိုင်အိမ်ထဲရောက်တော့ တစ်အိမ်လုံးဘယ်သူမှမရှိဘဲ တိတ်ဆိတ်နေလေသည်။မူပိုင်လည်းဧည့်ခန်းထဲတွင်ထိုင်ဖို့ပြင်လိုက်ချိန်အပေါ်ထပ်ကနေဆင်းလာသောဒေါ်ငွေခင်ကြောင့်မထိုင်တော့ဘဲဒီတိုင်းသာရပ်နေလိုက်သည်။ဒေါ်ငွေခင်က မူပိုင့်ဆီသို့တစ်လှမ်းချင်းတိုးလာရင်း...
"မင်းဦးလေးက အပေါ်ထပ်ကအခန်းထဲမှာရှိတယ် သွားချင်ရင်သွားလေ ညာဘက်ခန်းပဲ"
မူပိုင်က အပေါ်ထပ်ကိုတစ်ချက်ကြည့်လိုက်ရင်း ခေါင်းညိတ်လိုက်ကာ...
"ဟုတ်ကဲ့ ခွင့်ပြုပါအုံး ဒါက မုန့်လေးတွေပါ"
မူပိုင်က ဝယ်လာသော စားစရာအနည်းငယ်ကိုသူမရဲ့လက်ထဲသို့ပေးလိုက်ကာ အပေါ်သို့တက်လာခဲ့လေသည်။အပေါ်ကိုရောက်တာနဲ့ ညာဘက်ခြမ်းက အခန်းထဲသို့ဝင်သွားလိုက်လေသည်။အခန်းထဲရောက်တာနဲ့ ကုတင်ပေါ်တွင် စောင်ကိုတစ်ကိုယ်လုံးမြှုပ်နေအောင်ခြုံထားသောသူကြောင့် ခုတင်ပေါ်တွင်ဘေးတစောင်းထိုင်လိုက်ကာပခုံးလို့ယူဆ၍ရလောက်သောနေရာကိုပုတ်လိုက်ပြီး...
"ဦးလေး အိပ်နေတာလားသက်သာရဲ့လား"
မူပိုင်က ပြောရင်းနဲ့စောင်ကို အနည်းငယ်ဆွဲချလိုက်ချိန်...
"ဟင်.... "
မူပိုင့်မှာသူ့ဦးလေးအထင်နှင့်ကြည့်လိုက်ချိန်မြင်လိုက်ရသော ဖက်လုံးကြီးကြောင့်အံ့သြ သွားကာ ကုတင်ပေါ်
ကနေဆင်းပြီးအနောက်သို့လှည့်လိုက်ချိန် အခန်းထဲတွင် အပေါ်ပိုင်းဗလာကျင်းဖြင့် တံခါးကိုမှီကာ လက်ပိုက်၍မတ်တပ်ရပ်နေသောသူကြောင့် လန့်သွားလေသည်။
"ရာဇာ ခင်ဗျား ဘာလုပ်မလို့လဲ"
"လူနာသတင်းမေးလာတာမလား ဒီအိမ်မှာလူနာတစ်ယောက်တော့ရှိတယ် ဒါပေမယ့် မင်းရဲ့ဦးလေးတော့မဟုတ်ဘူး ငါပဲ"
"ငါက ဦးလေးဆီလာတာမင်းဆီမဟုတ်ဘူး"
"ငါလည်းလူနာပဲလေ မူပိုင်ရှင်ဆိုတဲ့ခင်ဗျားကိုအရမ်းသိမ်းပိုက်ချင်တဲ့ရောဂါဖြစ်နေတဲ့လူနာပေါ့"
YOU ARE READING
မောင့်ရဲ့မူပိုင်ရှင်(Complete)
RomanceIntro (Uni) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲခေါ်ပါဆို" "တောက်...ရတုမင်းခန့်မောင်... မင်း...." "ဟုတ်ကဲ့ပြောပါ မောင့်မူပိုင်ရှင်" Intro (Zg) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲေ...