Ep 32
မနက်၄နာရီ....
ခုတင်ကျဥ်းကျဥ်းလေးပေါ်တွင် ကွေးကွေးလေးအိပ်နေကြသောလူနှစ်ယောက်...။ရတုရဲ့ရင်ဘက်ပေါ်သို့မူပိုင်ကခေါင်းလေးတင်ကာရတုကမူပိုင့်ကိုဖက်ထားလေသည်။ရတုရဲ့ဝင်သက်ထွက်သက်တွေက မူပိုင့်ရဲ့
နဖူးပေါ်သို့ ရိုက်ခတ်နေပြီးမူပိုင်ရဲ့ခါးလေးကိုလည်းလွတ်ထွက်သွားမှာစိုးသည့်အလား တင်းကြပ်စွာဖတ်ထားလေသည်။ထိုအချိန်ရုတ်တရက် လှုပ်ရှားလာသောမူပိုင်ကြောင့် ရတုဖက်ထားသောခါးပေါ်က လက်လေးလည်း ပြေလျော့
သွားလေသည်။မူပိုင်က မျက်လုံးကိုနှစ်ချက်လောက်ပွတ်လိုက်ကာ ဘေးနားကဖုန်းကိုယူကြည့်လိုက်တော့ ၄နာရီထိုးနေပြီဖြစ်၍သူ့ကိုဖက်ထားသော ရတုရဲ့လက်တွေကိုဖြည်းဖြည်းချင်းဖယ်လိုက်ကာ ခုတင်ပေါ်ကနေအသာလေးထလိုက်လေသည်။ပြီးတာနဲ့ အနောက်ဘက်သို့ခဏသွားကာ မျက်လုံးကျယ်အောင် မျက်နှာသွားသစ်လိုက်ပြီးရေတောင်မသုတ်တော့ဘဲ အချက်အပြုတ်လုပ်နေသောသူတွေဆီသို့သွားလိုက်တော့သည်။
မူပိုင်ရောက်လာတော့မာတာက ကြက်သွန်နီတွေကိုအခွံနွှာနေချိန် ကျန်တဲ့သူတွေကလည်းဆေးစရာရှိတာတွေကိုဆေးနေလေသည်။မူပိုင်က ကြက်သွန်နွှာနေသောမာတာ့အနားသို့သွားလိုက်ကာ...
"မာတာ ကျွန်တော်ရောက်ပြီ"
"ဟယ် သားမူပိုင်ရယ် မာတာတို့တွေလုပ်ပါ့မယ် မနက်မှကူပေး သွားအိပ်ပါတော့ မောင်ရတုလည်းရှိနေတာကို..."
ထိုအချိန် သူတို့အနားသို့ ဒန်အိုးကိုင်ကာရောက်လာသောသူတစ်ယောက်ကြောင့် ကြည့်လိုက်ချိန် ငုံးဥတွေဖြစ်နေ၍မူပိုင်လည်းထိုအိုးကို ပြောင်းယူလိုက်ကာသူ့အနားတွင်ချလိုက်ပြီး...
"ကျွန်တော် ငုံးဥတွေခွာပေးမယ်လေ"
"ရပါတယ်ဆို ဒီကလေးကတော့"
"ရပါတယ်မာတာရဲ့ ကျွန်တော်လည်းမျက်လုံးကျယ်နေပါပြီ"
မူပိုင်ကပြောရင်းနဲ့ ငုံးဥတွေကိုတစ်လုံးပြီးတစ်လုံးခွာရင်း သူ့ရှေ့က ဒန်အိုးအလွတ်ထဲသို့ထည့်နေလေသည်။မာတာကတော့ ပြောမရသည့်အဆုံးမူပိုင်ကိုလွတ်ထားလိုက်ရတော့လေသည်။
YOU ARE READING
မောင့်ရဲ့မူပိုင်ရှင်(Complete)
RomanceIntro (Uni) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲခေါ်ပါဆို" "တောက်...ရတုမင်းခန့်မောင်... မင်း...." "ဟုတ်ကဲ့ပြောပါ မောင့်မူပိုင်ရှင်" Intro (Zg) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲေ...