part1

276 3 0
                                    

မိုးမြင့်တိုက်‌ရဲ့မှန်ပြတင်းကနေ မီးရောင်စုံတောက်ပနေသော မြို့ပြရဲ့ရူခင်းတွေကို ‌လူတစ်ယောက်ငေးကြည့်‌ေနသည်။
ဘေးမှာဝိုင်ငှဲ့ပေးရန် အသင့်စောင့်နေသော ဟိုတယ် ဝန်ထမ်းက သူ့ရဲ့အရိပ်အခြေကိုကြည့်နေသည်။
ထိုသို့အရိပ်အခြေစောင့်ကြည့်နေရသူမှာ ဟိုတယ်ဝန်ထမ်း တစ်ယောက်ထဲတော့မဟုတ်။
အခြားသော ကုမ္ပဏီ ဝန်ထမ်းတွေလည်း ထိုအခန်းထဲမှာရှိနေသည်။
သူတို့မျက်နှာတွေက ကြောက်စိတ်ကြောင့် ပျက်ယွင်းနေကြသလို၊တစ်ခုခုထုတ်ဖော်ပြောကြားလာမည်ကိုစောင့်ဆိုင်းနေကြသည်။
ထိုသူ အချက်ပေးလိုက်သည်နှင့် ဟိုတယ်ဝန်ထမ်းက ကိုင်ထားသောဝိုင်ပုလင်းကို ခွက်ထဲငှဲ့ပေးလိုက်သည်။

ထိုသူမှာ ကုမ္ပဏီရဲ့အကြီးအကဲဖြစ်နေသည်မို့ လက်လွတ်စပါယ် ဆက်ဆံ၍မရပေ။
တစ်ခုခုလွဲမှားတာနဲ့ ဘဝပြောင်းသွားကိန်းရှိချေသည်။
ဝိုင်ပုလင်းကို လက်ကကိုင်ထားရင်း ကြောက်စိတ်ကြောင့် လက်တွေတဆတ်ဆတ်တုန်နေသည်။

ထိုသို့လက်တုန်နေရင်းပင် သူဌေးဆိုသူကိုခဏခဏမသိမသာခိုးကြည့်နေသည်။

သူဌေးက အသက်တော့သိပ်မကြီးသေး။
အနည်းဆုံး 30လောက်တော့ရှိမည်ထင်သည်။
အသက်ငယ်ငယ်နဲ့ အောင်မြင်မူ့ကိုသိမ်းပိုက်ထားနိူင်တာကလည်း အားကျစရာကောင်းလှသည်။

Suit အနက်ရောင်
ကိုဝတ်ဆင်ထားသည်။
လက်မှာပတ်ထားသည့် ငွေရောင်လက်ပတ်နာရီမှာ သန်းချီ‌တန်လောက်မည့် brand ဖြစ်သည့်အပြင် ညာလက်
လက်ညှိုးမှာစွပ်ထားသည့် လက်စွပ်မှာလည်း နာမည်ကြီးbrandedဖြစ်သည်။
Suitရဲ့ရှေ့ကြယ်သီးတွေကိုရင်ဘက်ထိဖြုတ်ထားတာကြောင့် လည်ပင်းညာဘက်မှာထိုးထားသည့် နတ်ဆိုးပုံ တက်တူးရဲ့ဆူးနွယ် ဆူးခက်တွေကျယ်
ပြန့်သော ညာဘက်ရင်အုံပေါ်ထိဖြာဆင်းနေတာကို ဟိုတယ်မှန်မှာပေါ်နေတဲ့အရိပ်ကြောင့် မြင်နေရသည်။

သေသပ်စွာ ဆံပင်ကိုနောက်လှန်ဖီးထားသည်။
ထင်ရှားထူထဲပြီးဖြောင့်တန်းသော
သော မျက်ခုံးနဲ့ သိမ်းငှက်၏မျက်ဝန်းကဲ့သို့ စူးရှသောမျက်လုံး၊ ဖြောင့်စင်းသောနှာတံ၊ ပိရိသေသပ်သော နူတ်ခမ်းတို့က ထက်မြတ်ခြင်း၊တည်ကြည်ခြင်းကိုဆောင်သည်။
လေးထောင့်ဆန်ပြီးပြတ်သားသောမေးရိုး တို့က တစ်ချက်တစ်ချက် အံကြိတ်လိုက်လျှင် ထင်းပြီး ကြီးမားသောအရှိန်အဝါတို့ကိုမြင်နေရသည်။
သူ၏ပုံစံ ရုပ်ရည်က
190cmကျော်လောက်မည့်အရပ် နှင့် လိုက်ဖက်လှသည်။

Shadow 💙🖤Where stories live. Discover now