part4

59 4 0
                                    

"ဘာ...ရင်နှင်းခြွေ ပျောက်သွားတယ် ဟုတ်လား "

"ဟုတ်ပါတယ် မမကြီး ကျွန်မ ဈေးဝယ်ဖို့အာရုံစိုက်နေတုန်း သူနောက်ကနေလစ်ထွက်သွားတာ ကျွန်မတစ်နေကုန် ရှာခဲ့ပါတယ် ဘယ်ကိုထွက်သွားလဲမသိဘူး မတွေ့တော့ပါဘူး"

"နင့်ကိုငါအတန်တန်မှာထားရဲ့သားနဲ့ အခုသောက်တလွဲတွေဖြစ်ကုန်ပြီ"

ဒေါ်ဒေဝီ ဒေါသကြောင့် မျက်လုံးတွေပြာနေသလို ရှေ့မှာရှိနေတဲ့ မမြင့်ကိုဝါးစားချင်စိတ်တွေပေါက်နေသည်။
မမြင့် လည်းခေါင်းငုံ့ကာ ဒေါသထွက်နေတဲ့ မမကြီးကိုမော်လို့တောင်မကြည့်ရဲခဲ့။ရင်နှင်းခြွေ ကို မနက်ကတည်းက‌နေ တစ်နေ့လုံးရှာခဲ့ပေမယ့် မတွေ့ခဲ့ပေ။မမကြီး ဒေါသကို မမြင့် အသိဆုံးမို့ လေသံခပ်တိုးတိုးဖြင့်သာ အပြစ်လျော့အောင်ပြောလိုက်သည်။

"သူဘယ်မှ သွားစရာမရှိပါဘူး မမကြီး
သူ့မှာသွားစရာဒီအိမ်ပဲရှိတာ သူပြန်‌လာလောက်မှာပါ"

မမြင့်ရဲ့ အကြောင်းပြချက်က ဒေါ်ဒေဝီကို ပိုဒေါသထွက်စေခဲ့သည်။

"စကားကိုလွယ်လွယ်မပြောနဲ့ ရင်နှင်းခြွေ တကယ်လို့ပြန်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ ဒီနေ့ ဘာတွေဖြစ်သွားလဲ နင်သိလား ရင်နှင်းခြွေနဲ့လက်ထပ်မယ့်အဖိုးကြီးက တောင်းရမ်းတဲ့ ပစ္စည်း တွေကိုတောင် လာပို့ပြီးသွားပြီ"

ဒီနေ့ ညနေပိုင်း စံအိမ်ကို လူတစ်ချို့ရောက်လာသည်။
သူတို့ကဘယ်သူတွေလဲဆိုတော့ ဦးမြင့်မားဟန်ရဲ့ကိုယ်စားလှယ်တွေတဲ့။
လာရတဲ့အကြောင်းအရင်းက တင်တောင်းမယ့်ပစ္စည်းတွေကို လာပို့တာတဲ့လေ။
စိန်တစ်ဆင်စာ၊ပတ္တမြား တစ်ဆင်စာ၊
အဆင့်မြင့်ကွန်ဒိုတိုက်ခန်း အိမ်ယာ သုံးခုအပြင်၊ကြိုက်တဲ့တင်တောင်းငွေပါ ရေးဖို့ချက်လက်မှတ်စာအုပ်ပါထည့်ပေးလိုက်လေရဲ့။
မောင်နဲ့ဒေဝီလက်ထပ်ခဲ့တုန်းကတင်တောင်းပစ္စည်းဆိုရင် အခုတင်တောင်းပစ္စည်းရဲ့ ခြေဖျားတောင်မမှီ။
တင်တောင်းပစ္စည်းအားလုံးကမက်လောက်စရာပေမယ့် ယူမယ့်သူတို့သမီးမရှိတဲ့အခြေအနေမှာ အဲ့ဒါတွေအားလုံးကအသုံးမှမဝင်တော့ဘူး။
အသုံးဝင်အောင်လုပ်ဖို့ဆိုရင်ရင်နှင်းခြွေ ကိုတွေ့အောင်ရှာမှရမည်။

Shadow 💙🖤Where stories live. Discover now