part5

66 2 0
                                    


စောဏကမှရေချိုးထားတာဖြစ်တဲ့အတွက် ခေါင်းကအနည်းငယ်စိုနေသေးတာကြောင့် လက်ဖြင့်ထိုးဖွကာ ခါလိုက်သည်။
Dryerကိုသုံးရင်လည်း ခေါင်းကိုက်တတ်သည်မို့ မသုံးဖြစ်။
ညနေက ကုမ္ပဏီကပါလာသည့် အလုပ်တွေကတန်းစီနေသည့်အတွက် ဆက်ပြီးလုပ်ရမည်။
ထိုစဉ် အိတ်ကပ်ထဲမှာထည့်ထား‌ေသာဖုန်းက မြည်လာသည်။
အောင်မြင် ဖုန်းကိုထုတ်ကာကြည့်လိုက်သည်။
ယက္ခဆီကဖုန်း။

"ပြော ယက္ခ"

"................"

"အင်းးဆက်ပြီးစုံစမ်းထား သူတို့ဘက်ကလူတစ်ယောက်လုံးလွှတ်တဲ့အထိ ဘာတွေကြံစည်နေလဲ ငါသိချင်တယ်"

"............"

အောင်မြင် ‌မျက်မှောင်ကျုတ်ကာစိတ်ရူပ်ဟန် ဖုန်းကိုပိတ်လိုက်ပြီး စာကြည့်ခန်းဘက်ကို ခြေဦးလှည့်လိုက်သည်။

ဝင်ဝင်ခြင်းမှာပဲအခန်းရဲ့ပြောင်းလဲမူ့နှင့်အတူ ရပ်နေသောလူတစ်ယောက်ကြောင့် ရူပ်နေသည့်‌ အောင်မြင် စိတ်တွေပွင့်ထွက်သွားသည်။

"ရင်နှင်းခြွေ မင်း ငါ့အခန်းထဲဘယ်လိုရောက်နေတာလဲ"

စားပွဲပေါ်ကာက်‌ေခြာက်သွေ့နေတဲ့
နှင်းဆီပန်း မဲခြောက်ခြောက်တွေနေရာမှာ စွင့်စွင့်ငှားငှားနီရဲစိုနေသည့် နှင်းဆီပွင့်ကြ ီးတွေနေရာယူနေသည်။
အသစ်အသစ် ဖြစ်နေသောအခန်းကြောင့် အောင်မြင် မေးကြောတွေထင်းနေအောင်ကြိတ်လိုက်သည်။
ပြီးတော့‌ေဒါသ‌ေကြာင့်စူးရှသည့်မျက်လုံးဖြင့် စားပွဲပေါ်က ကြည့်ကာ ခြေလှမ်းကျဲကြီးများဖြင့် စားပွဲပေါ်ရှိပန်းအိုးကို ယူပြီးကြမ်းပြင်ပေါ်ရိုက်ခွဲလိုက်သည်။

"ခွမ်းးးး"

"အမလေးး"

ရင်နှင်းခြွေ နားနှစ်ဖက်ကိုအလန့်တကြားပိတ်လိုက်ပြီး ခန္ဓာကိုယ်ကိုကွေးချလိုက်သည်။

ပြီး‌တော့‌ေဒါသ‌ေကြာင့်စူးရှသည့်မျက်လုံးဖြင့် ရင်နှင်းခြွေ ကိုကြည့်ရင်း ခြေလှမ်းကျဲကြီးများဖြင့် သူမဆီသွားလိုက်သည်။
အနားရောက်တော့ သူမ ပုခုံးကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။
‌ရင်နှင်းခြွေရဲ့ ပျော့ဖတ်ဖတ်ခန္ဓာကိုယ်က အောင်မြင်ရဲ့ ဒေါသကြောင့် အားပါသည့် လက်ကြောင့်ရော စွေ့ခနဲပါသွားသည်။

You've reached the end of published parts.

⏰ Last updated: Jan 13 ⏰

Add this story to your Library to get notified about new parts!

Shadow 💙🖤Where stories live. Discover now