part2

55 3 2
                                    

"ဂွီ....ဂွီ..."

အိပ်ယာပေါ်အိပ်ရန်လိမ့်နေသော ခြွေ မနာခံသော ဗိုက်ကိုလက်နဲ့အသာဖိလိုက်သည်။

"ဗိုက်ကလည်း ဆာလိုက်တာ"

ဒီရက်ပိုင်း အန်တီဒေဝီက ခြွေ့ကို ပုံမှန်ပုံစံခွက်ထက် နည်းပြီးအစာကိုစားခိုင်းသည်။
ထို့အတွက်ကြောင့် ခြွေလိုအစားပုပ်တဲ့ ကောင်မလေး အခုမခံမရပ်နိူင်အောင်ဆာလှသည်။ဗိုက်ထဲ
အဆာမှမဝင်ရင် ဒီညအိပ်လို့မရတော့မည်ကို ခြွေသိသည်။
အရင်ဆို ဆူးနွေပြန်လာရင် မုန့်ဖြစ်ဖြစ်စားစရာတစ်ခုခုတော့ပါနေကျ။
ဆူးနွေ အလုပ်ကိစ္စနဲ့ခရီးသွားနေသည်မို့ဒီည စားရဖို့ကလမ်းမမြင်။
ခြွေ့ ကိုယ်လုံး လုံးလုံးလေး
ကုတင်ပေါ်ကနေ ခြေဖျားထောက်ဆင်းလိုက်ပြီး အခန်းတံခါးကိုတိတ်တိတ်လေး တွန်းဖွင့်လိုက်သည်။
ပြီးတော့ခေါင်းလေးကိုအသာ ပြူထွက်ရင်း အခန်းအပြင်မှာလူရှိမရှိ ထောက်လှမ်းလိုက်သည်။
အဲ့လိုမလုပ်၍မဖြစ်။
ဦးလေးက ညနက်မှပြန်လာတတ်၍ အန်တီဒေဝီရော 
အစောကြီးအိပ်လေ့မရှိ။
ပြီးတော့ မီးဖိုချောင်က ဦးလေး အခန်းကိုဖြတ်သွားမှရောက်သည်။
မတော်လို့ တစ်ယောက်‌ယောက်နဲ့တွေ့သွားရင် ခြွေ အပြစ်ပေးခံရမှာသေချာသည်။

လူတစ်ယောက်မှ မရှိနေတာမြင်မှ အခန်းထဲက ခပ်သွက်သွက် ပြေးထွက်သွားလိုက်သည်။
ခြွေ ကံကောင်းကာ မီးဖိုချောင်ဆီသို့ ဘာအတားအဆီးမှမရှိဘဲရောက်သွားသည်။
ခြေကိုဖွနင်းရင်း မီးဖိုချောင်ထဲက ပန်းကန်းတွေထားတဲ့ ဗီဒိုထဲမှာ
အရင်ရက်ကဖွက်ထားသည့် မုန့်ထုပ်ကိုအသာထုတ်ယူလိုက်သည်။
လူလာမလာတစ်ချက်ကြည့်ပြီး အခန်းရှိရာသို့ခပ်သွက်သွက်ပြန်ပြေးရန်ပြင်လိုက်သည်။
ထိုစဉ် လူရိပ်တွေ့လိုက်သည်မို့ မီးဖိုချောင်ရဲ့ တံခါးမကြီးနောက်ကို အလျင်အမြန်ဝင်ပုန်းလိုက်သည်။
အန်တီဒေဝီသာသိသွားရင် ခြွေကို
မိသွားရင်လွယ်မည်မဟုတ်။

ခြေသံတွေက မီးဖိုချောင်ထဲသို့ဝင်လာသည့်အတွက် ခြွေ ရင်ထိတ်သွားသည်။
မီးဖိုချောင်ဟာ ထမင်းစားသည့်နေရာနဲ့တစ်ဆက်ထဲလုပ်ထားတာမို့ နေရာအကျယ်ကြီးဖြစ်သည်။
အခန်းမီးတွေ ရုတ်တရက်လင်းလာသလို အခန်းဒေါင့်မှာရှိနေသည့် ခြွေ့ကိုယ်လုံးလေးလည်းပိုသေးအောင်ကျုံ့လိုက်သည်။
တော်သေးသည် တံခါးမကြီးက အကြီးကြီးဖြစ်နေလို့။
ခြွေ  တံခါးကို တပ်ပေးသည့် လူတွေကို
မဆီမဆိုင် ကျေးဇူးတင်မိသွားသည်။
အခန်းထဲမှာ ပန်းကန်းသံတွေ စကားပြောသံတွေကြားနေရသည်။
စံအိမ်ရဲ့ဝန်ထမ်းတွေ ဦးလေး ပြန်လာသည့်အချိန် ထမင်းစားဖို့ပြင်ကြတာဖြစ်နိူင်သည်။

Shadow 💙🖤Where stories live. Discover now