2790°F - Final (BinHao)

972 142 27
                                    

ခလုတ်ဖွင့်ပေးလိုက်ပြီမို့ ခေါင်းပေါ်မှာရှိနေတဲ့ မီးလုံးလေး လင်းလာပြီး အမေးအဖြေနာရီ စကားပြန်ပြောလို့ ရသွားပါပြီ။ အသံ system ပွင့်ပွင့်ချင်းမှာပဲ ..

''ယား~ သောက်ကလေး!!’’

ဒေါနဲ့မောနဲ့ အော်လိုက်ပြီးတာတောင် အားမရနိုင်သေး။ သူ့မှာ တချောက်ချောက်လည်ရုံသာ တတ်နိုင်တဲ့ လက်တံတိုလေးတွေမဟုတ်ဘဲ အလုံးအထည်နဲ့ လက်တွေခြေတွေများရှိရင် အနားပြေးသွားပြီး နာနာလေးရိုက်မိမယ် ထင်တယ်။

''ကျန်းဟောင့်ဟောင့် မင်း ငါ့ကို _''

ရုတ်တရက်ကြီး အမေးအဖြေနာရီရဲ့ အသံ ပြန်တိတ်သွားတယ်။ ဘယ်သူမှ ခလုတ် ပိတ်လိုက်လို့မဟုတ်ဘဲ ကုတင်ပေါ် ထိုင်နေတဲ့ ကျန်းဟောင့်ကို အကြည့်ပို့လိုက်မိတာကြောင့်။ လုပ်ချင်ရာလုပ်ထားတဲ့ဟာလေးကို ဆူပစ်မယ် ငေါက်ပစ်မယ် တေးထားသမျှ စကားတွေကို ဘယ်လိုက်ဖမ်းရမယ်မသိတော့။ နောက်ဆုံး သူ ဆိုလိုက်မိတာက..

''မင်း အဆင်ပြေရဲ့လား''

ခေါင်းညိတ်ပေမဲ့ ကျန်းဟောင့်ပုံစံက အားကုန်ခါနီး အရုပ်ကလေးလို။

''တကယ် အဆင်ပြေတာလား။ ဟန်ဘင်းနဲ့ရော တွေ့ခဲ့လား''

''အင်း''

''တွေ့ခဲ့တယ်ဆို မင်းက ဘယ်လိုပုံစံ ဖြစ်နေတာလဲ။ ပျော်နေရမှာ မဟုတ်ဘူးလား''

အမေးအဖြေနာရီရဲ့ မေးခွန်းထွက်လာပြီး စက္ကန့်လက်တံ တစ်ပတ်ပြည့်ချိန်မှ ..

''ဟုတ်ပါရဲ့.. တကယ်ဆို ပျော်နေရမှာနော်.. အဲဒါကို ဘာလို့လဲ''

''ငါ့ကို ပြန်မေးနေတာလား''

''အခု သူ ပျော်နေပုံမရလို့လေ''

''နားလည်အောင် ပြောကွာ''

''ဘာလို့ သူ ပျော်မနေရတာလဲ''

အမေးအဖြေနာရီ ပြန်ပြောသမျှလည်း ကြားဟန်မတူ၊ ပေါင်ပေါ်ဝင်ထိုင်တဲ့ ဟေးဟေးကို ငုံ့ကြည့်လိုက်ပေမဲ့လည်း မြင်ဟန်မတူ။ မလှုပ်မယှက်ကလေး ထိုင်နေခဲ့တာ အဲ့ကတည်းက။ ဘာမှ မေးမရ မြန်းမရနဲ့ ညနေစောင်းရောက်သည်အထိ။

မှောင်ရိပ်ပျိုးမှ ကောက်ခါငင်ခါထပြောတယ်။

''မင်း ပြောတာ မမှန်ဘူး''

Flying to the pink skyWhere stories live. Discover now