part 9

2.4K 159 10
                                    

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹

အချန်တော်တော်ကြာကြာ မောင့်ကို ပွေ့ဖက်ထားလိုက်သည်...
မောင်လှဲနေရာက အတင်းကုန်းထပြီး...ကျတော့်နဖူးလေးကို နမ်းကာ...

"အဆင်ပြေရဲ့လားဂျီ.…''
"အင်း....."
"လာ...မောင်တို့ပြန်ကြရအောင်.…"

မောင့်ကျတော့လက်ကိုဆွဲတော့ ကျတောအတင်းရုန်းကာ ဖြုတ်ချလိုက်သည်...

"ဂျီ...ဘာဖြစ်လို့လဲ...
လာ..ပြန်ကြမယ်လို့...''

မောင်လက်ကိုနောက်တခေါက်ထပ်ဆွဲတယ်..ကျတော့ထပ်ပြီးရုန်းတယ်...

"ဂျီ..."

မောင့်မျက်နှာ သိသိသာသာ ပြောင်းလဲသွားပြီး စိုးရိမ်သည့် အနေအထား....

"မောင်..ဂျီမလိုက်နိုင်ဘူး.…မောင်သက်သာပြီမို့လား..ပြန်တော့"
"ဘာ..ဂျီ...."
"ဂျီ ဒီမာပဲ joenနဲ့နေတော့မယ်.."
"မောင့်ကို မစပါနဲ့ကွာ.…"
"စနေတာမဟုတ်ဘူး မောင်ပြန်လိုက်ပါတော့...."
"ဂျီ.."

မောင်မျက်ဝန်းအိမ်တေက နဂိုထက်နီရဲလာပြီး မျက်ရည်များရစ်သိုင်းလာပြန်သည်...
ကျတော့နှုတ်ဖျားက ဒီစကားကို ရင်နာနာနဲ့ မပြောချင်လည်းပြောရတော့မယ်...

"ဂျီတို့လမ်းခွဲရအောင်.."

မောင့်မျက်လုံးအိမ်က မျက်ရည်တေကျဆင်းလာခဲ့ပြီ..ကျတော့မျက်ရည်တေတော့ ထိန်းထားဆဲ...

"ဂျီ...
မောင်တို့တွဲလာတာ ၅နှစ်ကျော်နေပြီနော်..."
"အင်း.."
"ဒါတောင် ဘာလို့လမ်းခွဲစကားပြောထွက်တာလဲ..."

မောင်ထင်နေလား ဂျီ ပြောချင်တယ်လို့..
ဒီအချိန်မာ ရင်တေအရမ်းနာနေတာ ဂျီ့ကိုဂျီ အသိဆုံး..
ထိန်းထားတဲ့မျက်ရည်တေလဲကျမတတ်..အသံတေလဲ တုန်ရီလို့လာခဲ့ပြီ..…မောင်နဲ့ဒယ်ဒီ့ကို ဘယ်လိုနည်းနဲ့မှ ထိခိုက်မခံနိုင်ဘူး..
ချစ်တယ်မောင်..စိတ်ထဲမာပဲ ထားတော့မယ်...အရမ်းချစ်တယ်...

"အင်း...."

ဂျီ့နှုတ်ဖျားက လမ်းခွဲစကားကို ကျတော တခါမှ မမျှော်လင့်ခဲ့ဘူး ခုတော့ ကျတော့ရင်ဘတ်ကြီးကွဲသွားသလိုပဲ...အကြောင်းပြချက်တောင်မပေးနိုင်ဘဲ "အင်း"ဆိုတဲ့ စကားတလုံးလေးနဲ့ တကယ်ပဲလမ်းခွဲရတော့မာလား...

🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)Where stories live. Discover now