🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹
ဖုန်းပြောတာတောင် အားမရသေး...သွားတွေ့ချင်တယ်ပြောကာ ပူဆာနေသောအဟုပ်.....
"အဟုပ်...မရဘူး...
ငါလဲ မင်ဟျောင်းကို ကြောက်တယ်...ဒီတိုင်း တခါတလေး မခံသာလို့ အရဲစွန့်ပြီး ပြန်ပြောတာ ...သူပြန်လုပ်ရင် ငါတချက်စာတောင်မရှိဘူး...အဟုပ်လဲ သူ့အကြောင်းသိရဲ့သားနဲ့..."
"ဂျီရယ်..တခါလောက်လေးတောင်မရဘူးလား...စဉ်းစားပါအုံး..."
"မရဘူး..."📞📞📞📞📞
ဖုန်းလာလို့ ကောက်ကိုင်လိုက်တာ...ဒယ်ဒီ....
အများကြီးလွမ်းနေတာ....အရမ်းလဲ တွေ့ချင်နေတာ....ဒါမဲ့ jeonရဲ့ ပြသာနာ သွားရှင်းတည်းက ဒယ်ဒီနဲ့ အဆက်သွယ် မလုပ်ဖြစ်ဘူး...."ဟဲလို....."
"အကိုလေး...ဥက္ကဌနေမကောင်းဘူး ..."
"ဘာ..."ဒယ်ဒီနေမကောင်းရင် ကြည့်ဖို့ ဂျီပဲရှိတာလေ....
အ့တော့ ဂျီ့ဒယ်ဒီရဲ့အတွင်းရေးမှူးက ဖုန်းဆက်ခေါ်လိုက်ချင်းပင်....."အင်း...ခနလာခဲ့မယ်..."
"ဂျီဘာဖြစ်လို့လဲ..."
"ဒယ်ဒီ..."
"ဘာဖြစ်လို့လဲ ဟင်..."
"အဟုပ် ဂျီအိမ်ကို ပြန်ရမယ်..."
"ဟမ်..."
"ဟုတယ် ဒယ်ဒီနေမကောင်းဘူး..."
"အဟုပ်ပါလိုက်ခဲ့ရမလား..."
"မလိုက်ပါနဲ့ jeonနဲ့က သိပ်ပြီး အဆင်ပြေသေးတာ မဟုတ်ဘဲ...လိုက်လာရင် အဟုပ်တို့ပိုပြီးပြသာနာ များကြမယ်..."
"ဂျီ...."
"ရတယ်..ဂျီတယောက်တည်းသွားမယ်...."
"အင်းပါ...."စိတ်တော့ပူမိသား ...jeonသာသိရင် ဘာတေများဖြစ်လာမလဲ....မတတ်နိုင်ဘူးလေ...ခုဟာ ကိုယ့်အဖေ...ကိုယ့်အဖေအရင်းခေါက်ခါက်ကြီးလေ..ပြီးတော့ တွယ်တာစရာ ..မြတ်နိုးစရာ ဒယ်ဒီပဲရှိတာ မဟုတ်လား...
"ဒယ်ဒီ...."
"ဟင်...ဂျီ…ဂျီလေး..ဒယ်ဒီဆီလာတယ်..."အိပ်ယာပေါ်မာ လှဲနေတဲ့ ဒယ်ဒီကို ခေါ်လိုက်တော့ အိပ်ယာပေါ်မှ ကုန်းရုန်ထပြီး ထိုင်ကာ ဝမ်းသာသွားတယ်ထင်ပါရဲ့ မျက်ရည်တေတောင် စီးကျလာတယ်...
"ဟင့်....."
"ဒယ်ဒီက ဂျီလေးကို အရမ်းလွမ်းနေတာ.... ခလေးလေးရဲ့...
အရမ်းပိန်သွားတယ်..jeonရော သားကို အနိုင်ကျင့်သေးလား..."
"ဟင့်အင်း...."
YOU ARE READING
🌹အမုန်းတရားတို့ရဲ့နောက်ကွယ်🌹(Completed)
Romance🚨Warning🚨 🔞 ပါနိုင်တာကြောင့် မဖတ်ချင်ရင် ကျော်သွားပါ ❌ဘယ်idol မှထိခိုက်လိုစိတ်မရှိပါ❌