ကင်ဂယူဗင်း။
ဆိုလ်းတက္ကသိုလ်မှာမသိတဲ့သူမရှိတဲ့ Social Science မေဂျာက မင်းသားလေး ကင်ဂယူဗင်း။
ကောင်မလေးတွေကြားရေပန်းစားတဲ့ ကင်ဂယူဗင်း။
သူ့ကို လာကြိုက်သမျှလူတိုင်းကို ပြန်မကြိုက်ပေမယ့် ငြင်းလည်းမငြင်းပဲ ပြန်အီတတ်တဲ့ ကင်ဂယူဗင်း။အလံနီပါတယ်ဆိုတဲ့သူတောင်မှ အရှုံးပေးရမယ့်သူဆိုပေမယ့် ကင်ဂယူဗင်ဟာ သူလုပ်သမျှအပြစ်တွေကို သူ့ရဲ့ပါပီမျက်နှာလေးအောက်မှာ ဖုံးကွယ်ထားဆဲ။ သူ့ရဲ့မကောင်းတဲ့အချက်တွေ၊ အပြစ်တွေကို သိနေတာတောင် ကင်ဂယူဗင်ရဲ့အပြုံးအောက်ကနေ ရုန်းမထွက်နိုင်ကြဘူး။ အဲ့ဒီလူတွေထဲ Art မေဂျာက ရှင်းရစ်ခီ ဆိုသူလည်း အပါအဝင်ပေါ့။
ကင်ဂယူဗင်နဲ့သူဟာ မေဂျာကွဲပေမယ့် တစ်နှစ်ထဲအတူတတ်ကြတဲ့သူတွေ။ သို့ပေမယ့် တက္ကသိုလ်ရဲ့မင်းသားလေး ကင်ဂယူဗင်းကတော့ အတန်းထဲမှာအမြဲကုပ်နေတတ်တဲ့ သူ့လိုကျောင်းသားကို ဘယ်သိပါ့မလဲ။
ရစ်ခီဟာ တက္ကသိုလ်မှာဆို ကင်ဂယူဗင်းကလွဲပြီး ဘာကိုမှမသိတဲ့ အူတူတူလေး။ ရှပ်အင်္ကျီနဲ့ ဂျင်းဘောင်းဘီကိုသာ ဝတ်တတ်ပြီး မျက်မှန်အမြဲတတ်ထားတတ်တဲ့ သူ့ပုံစံဟာ ကင်ဂယူဗင်းရဲ့ ယှဉ်ရင် မှေးမှိန်နေမှာအမှန်ပဲ။ သူ့မှာ ထင်သာမြင်သာရှိတာဆိုလို့ အမဲရောင်မကြိုက်လို့ အဖြူရောင်ဆိုးထားတဲ့ ဆံပင်တွေပဲရှိတယ်။
အတန်းရဲ့နောက်ဆုံးမှာကုပ်ကုပ်လေးနေတတ်ပြီး ပန်းချီပဲဆွဲနေတတ်တာမို့ အတန်းသားအချင်းချင်းတောင် သူနဲ့သိပ်မရင်းနှီးကြ။ ရစ်ခီနဲ့ သေချာပေါင်းဖြစ်တာဆိုလို့ သူ့ဘေးမှာထိုင်တဲ့ ပတ်ဂွန်းဝုပဲရှိတယ်။
အဲ့လိုအေးအေးဆေးဆေးလေးနေတတ်တဲ့သူဟာ တက္ကသိုလ်စတတ်တဲ့ရက်မှာတင် ကင်ဂယူဗင်းကို မြင်မြင်ချင်းချစ်မိသွားပြီး အချစ်ရူးလေးဖြစ်သွားခဲ့တော့တယ်။တက္ကသိုလ်စတတ်တဲ့ရက်မှာ အပေါင်းအသင်းမရှိလို့ ရစ်ခီဟာ ပင်မဆောင်က ခုံတန်းတွေပေါ်မှာ ငြိမ်ငြိမ်လေး။ သူငယ်ချင်းအသစ်တွေရချင်ပေမယ့် ဘယ်လိုစပြီးမိတ်ဆက်ရမလဲမသိသလို ပြောရဲမပြောရဲလို့ ရစ်ခီက မဝံ့မရဲဖြစ်နေပေမယ့် သူ့ရှေ့ကခုံမှာထိုင်နေတဲ့ ကောင်လေးကတော့ သူနဲ့ဆန့်ကျင်စွာပြုံးရယ်နေခဲ့တယ်။ သူနဲ့မတူပဲ လူတိုင်းနဲ့အရောတဝင်နေပုံက သူ့အမြင်မှာတင် လွတ်လပ်ပေါ့ပါးနေတာမို့ ရစ်ခီရဲ့ အားကျစိတ်တွေ တပုံတပင်။ ထိုစိတ်တွေနဲ့အတူ ထိုကောင်လေးအပေါ် ချစ်မေတ္တာတွေကလည်း ရေစီကမ်းပြိုခဲ့တယ်။
