"လမ်းခွဲရအောင် ဂယူဗင်"
Menu စာအုပ်ဆီရောက်နေတဲ့အကြည့်တွေဟာ အရှေ့ကလူဆီ တစ်ခဏချင်းရောက်သွားခဲ့သလို ရပ်တန့်သွားတဲ့အသိအာရုံတွေကလည်း စောနကကြားခဲ့တဲ့စကားကို မယုံနိုင်သလိုမျိုး။
ဂယူဗင်ရဲ့အမူအရာတွေကသာ နားမလည်နိုင်သလိုဖြစ်သွားပေမယ့် မျက်နှာချင်းဆိုင်မှာထိုင်နေသူကတော့ ရေသေအလား အမူအရာတွေငြိမ်သက်လို့။"အကြောင်းပြချက်က ဘာလဲ"
အတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်နဲ့မေးလိုက်ပေမယ့် ခုံအောက်ကတုန်ရင်နေတဲ့လက်ဖဝါးတွေ၊ ရင်ဘတ်အထိဆန်တတ်လာတဲ့မွန်းကြပ်မှုတွေကတော့ တစ်ဖက်ကဖြေလာမယ့်အဖြေကိုမကြားချင်တဲ့သဘော။
ဘယ်သူကတော့ ကိုယ်ချစ်တဲ့သူဆီက လမ်းခွဲစကားကို ကြားချင်မှာလဲ။ အခု သူကြားနေတဲ့စကားတွေကလည်း အမှန်မဟုတ်နိုင်ပါဘူး။ ဂယူဗင်ကိုစိတ်ကောက်နေလို့၊ အချော့ခံချင်လို့ တမင်ပြောတာဖြစ်မှာပါ။"ဒီဆက်ဆံရေးကြီးကို စိတ်ကုန်နေပြီ။ ငါမင်းနဲ့ ရှေ့မဆက်ချင်တော့ဘူး။ ဂယူဗင် "
"မဟုတ်ဘူးလေ ချွမ်းရွေ့ ။ မနေ့ကမနက်အထိတောင် ကိုယ်တို့အဆင်ပြေနေကြသေးတာပဲ။ ကိုယ့်ကို ဘာမကျေနပ်တာရှိလို့လဲ။ စိတ်ခုစရာရှိရင် မင်းသဘောကျတဲ့အထိကိုယ်ပြင်မယ်။ လမ်းခွဲမယ်ဆိုတာကြီးက မဟုတ်သေးဘူးလေ။"
ခုံပေါ်မှာတင်ထားတဲ့ လက်လေးတစ်ဖက်ကို ဆွဲကိုင်ပြီးတောင်းပန်တော့ ချွမ်းရွေ့ဟာ သူ့လက်ထဲကနေရုန်းထွက်သွားတယ်။ ဒါပေမယ့် အဲ့လက်လေးမှာ ချစ်သူစဖြစ်ခါစက သူပေးထားတဲ့ လက်စွပ်လေးကိုအခုချိန်ထိဝတ်ထားတုံးပဲ။
လက်စွပ်ကိုတောင်မချွတ်ရသေးတာ ၊ လမ်းခွဲစကားကို ဂယူဗင်က ဘယ်လိုလုပ်ယုံနိုင်ပါ့မလဲ။ မနေ့ကအထိတောင် ဂယူဗင်အပေါ် ချွမ်းရွေ့က အရင်လိုဂရုစိုက်ဆဲ၊ နွေးထွေးဆဲပဲလေ။"ဒီနေ့က ကိုယ်တို့ချစ်သူသက်တမ်း ၆ နှစ်ပြည့်လေ။Anniversary မလို့ ကိုယ့်ကိုစနေတာမလား။ စမယ်ဆိုရင်တောင် လမ်းခွဲမယ်ဆိုပြီးမစနဲ့။ ကိုယ်တကယ်မကြိုက်ဘူးကွာ"
"အတည်ပြောနေတာ ဂယူဗင်။ ငါတို့ လမ်းခွဲကြရအောင်။
ဒီဆက်ဆံရေးကြီးကို အဆုံးသတ် - -"