"ဂျပန်မှာအခြေကျပြီးသားကနေ ကိုရီးယားကိုပြောင်းတာ အဆင်ပြေရဲ့လား"
"ကျွန်တော်က ကိုရီးယားလူမျိုးပါ အဖေရယ်။ ဂျပန်မှာဘယ်လောက်ပဲကြာကြာနေခဲ့ပါစေ၊ ဒီမှာလည်းအခက်အခဲမရှိပါဘူး။ စာရင်းပိုင်းကလည်း နှစ်ရက်လောက်လေ့လာလိုက်ရင်ရပြီပဲလေ"
"မင်းအတွင်းရေးမှူးက ဂျပန်မှာကျန်ခဲ့တာမလား။
အလုပ်ကိစ္စတွေအတွက် အဖေ့အတွင်းရေးမှူးကို သားဆီပို့လိုက်မယ်""အဲ့တာဆို အဖေကဘယ်လိုလုပ်မှာလဲ။ ကျွန်တော့်အတွက် အတွင်းရေးမှူးက အင်တာဗျူလ်းခေါ်လိုက်ရင်ရပါတယ်"
"မင်းလိုဇီဇာကြောင်တဲ့လူက တော်ရုံလူနဲ့အဆင်မပြေနိုင်ဘူး။
အခုအတွင်းရေးမှူးက အရမ်းတော်တဲ့ကလေးမို့ မင်းနဲ့အဆင်ပြေမှာ။ အဖေ့အတွက်က နောက်လူတစ်ယောက်ရှိပါသေးတယ်"ဂယူဗင်ဟာ အထက်တန်းထဲက ဂျပန်ကိုပြောင်းသွားခဲ့ပြီး ဘွဲ့ရပြီးတော့လည်း သူ့အဖေရဲ့ ဂျပန်ရုံးခွဲမှာပဲအလုပ်ဝင်ခဲ့တာမို့ ကိုရီးယားကို အခုမှပဲပြန်လာဖြစ်တော့တယ်။ အသဲကွဲပြီး ဂျပန်ကိုထွက်ပြေးခဲ့တာ သေချာတွက်ကြည့်ရင် ကိုရီးယားပြန်မရောက်တာ ၆ နှစ်တောင် ရှိရောပေါ့။
"ဒါဆို မနက်ဖြန်ကျ သူ့ကိုမင်းဆီလွှတ်လိုက်မယ်"
"ဟုတ်ကဲ့။ ကျေးဇူးပါ အဖေ"
"အတွင်းရေးမှူးရှန်က အရမ်းတော်တာမို့ သူ့ကိုအရမ်းဇီဇာမကြောင်ပြနဲ့။ သူက အဖေအားကိုးရတဲ့ဝန်ထမ်းတစ်ယောက်ပဲ"
"အင်းပါ။ ဒါဆိုဖုန်းချလိုက်တော့မယ်"
သူ့နားကိုရောက်တော့မယ့်အတွင်းရေးမှူးရဲ့ မျိုးရိုးက ရှန်တဲ့။
လောကမှာနာမည်တူတွေများတယ်ဆိုပေမယ့် ရှန်ဆိုတာနဲ့ တစ်ချိန်ကချစ်ရသူကိုတွေးနေမိတဲ့ ဂယူဗင်ဟာ ထိုသူကိုတော်တော်ချစ်ခဲ့မှန်းသိသာတယ်။အချိန်တွေ၊ရာသီတွေတစ်နှစ်ပြီးတစ်နှစ်ပြောင်းလဲခဲ့ပေမယ့် မပြောင်းလဲသွားတာကတော့ ဂယူဗင်ရဲ့ နှလုံးသားဖြစ်ပါလိမ့်မယ်။ ခံစားချက်တွေအနည်မထိုင်သေးတဲ့နှလုံးသားဟာ ထိုလူ့အကြောင်းတွေးရုံရုံနဲ့တင် တဒိတ်ဒိတ်ခုန်လို့။
