ဟန်ဆောင်း ဆေးရုံ၌ဝယ် အလုပ်သင် အဖြစ် ဆင်းနေသော ဒေါက်တာ ကင်မ်ထယ်ယောင်းသည် ဆရာဝန်ကြီးတွေရဲ့ အလေးပေးမှုကို ခံရသည် ။ အလုပ်သင် ဆိုပင်မဲ့ သင်ယူ မှတ်မိ လွယ်သလို ၊ လူနာတွေ အပေါ် ကြင်နာမှုအပြည့် နှင့် အလုပ် လုပ်ရင်လည်း တိကျ ပြတ်သားတာမို့ ဆရာဝန်လေးကို လူနာ တိုင်း ကလည်း ချစ်ကြသည် ။"ထယ်ယောင်း....ဒါပြီးရင် နားချိန်လား "
"အွန်း "
'လမ်းဆုံနားမှာ ကား တစ်စီး accident ဖြစ်လို့ အခု လာနေပါပြီ ၊ စိုးရိမ်ရမဲ့ အခြေအနေပါ ၊ ဆရာဝန်များ အဆင့်သင့် ပြင်ထားပါ လူနာ အခြေအနေက ပြင်းထန်ပါတယ် '
လူနာတင်ယာဉ်ရဲ့ သတင်း ပို့ချ ချက်ကြောင့် ထယ်ယောင်းလည်း နားချိန်ဆိုပင်မဲ့ အတူလိုက်သွားဖို့သာ ပြင်လိုက်သည်။ စောင့်ပြီ မကြာပါဘူး...လူနာတင် ယာဉ် ရောက်လာသည်မို့ လူနာအား ချဖို့ တံခါး ဆွဲဖွင့်လိုက်သည် ။
'ဂျိန်း '
ဖွင့်ဖွင့်ချင်း သွေးရဲရဲနဲ့ မြင်လိုက်ရတဲ့ မျက်နှာကြောင့် ထယ်ယောင်း ရင်ထဲ မိုးကြိုး ပစ်လိုက်သလိုပင် ။ ဘယ်လို ဖြစ်ပြီး... အခြေအနေက သိပ်ပြင်းထန်လွန်းသည် ၊ ခေါင်းတစ်ခုလုံးလည်း သွေးရဲရဲတောက်နေပါရော ၊ လူနာအား ဆွဲချကာ အတင်း ခွဲစိတ်ခန်းထဲ တွန်းရသည်။ အခုချိန်က အရေးကြီးတယ် ၊ နောက်ကျလေ အန္တာရယ် ရှိလေမို့ အချိန်နဲ့ အမျှ အသက်လုနေရသည် ။ ထယ်ယောင်းလည်း ဆရာဝန်နဲ့အတူ လက်ထောက်အနေဖြင့် ခွဲစိတ်ဖို့ လိုက်ဝင်လိုက်သည် ။
ဆရာဝန်ကတော့ လူနာကို ကုစရာရှိတာ ကုနေပင်မဲ့ ထယ်ယောင်းကတော့ ရင် တမမ ဖြစ်နေရသည် ။ အသက်တောင် ဖြောင့်အောင် မရှုရဲပေ ၊ လွဲမှား သွားမှာ ကြောက်လို့ပင် ။ အချိန်နဲ့ အမျှ အသက်လုနေရတဲ့ အခြေအနေမို့ အချိန်ကြာလာသည်နှင့် အမျှ ထယ်ယောင်းလည်း ခြေမခိုင်ချင်တော့ပေ ။ ထယ်ယောင်း စိတ်ကို အတတ်နိုင်ဆုံး ထိန်းထားနေပင်မဲ့ မျက်စိရှေ့ ချစ်ရသူကို လူနာ အဖြစ် မြင်ရသည်က ထယ်ယောင်းကို ရင်ထုမနာ ဖြစ်စေသည်။
'တီ....တီ....တီ'
လူနာက သွေးထွက်လွန်ေနပြီမို့ ချက်ချင်း သွေးပြန် ထည့်သည်နှင့် ဆောင့်တက်လာတဲ့ သွေးပေါင်ကြောင့် နှလုံးခုန်နှုန်းလည်း မြန်လာသည် ။ မရတော့ဘူး ၊ ထယ်ယောင်း လုံးလုံးလျားလျား ရွေ့လျားသွားတော့သည် .... ထောင့်နားမှာ ကပ်ကာ မျက်ရည်များလည်း ထိန်းမရတော့ပေ ၊ လွဲမှားသွားခဲ့ရင် ဆိုတဲ့ စိတ်က ကြီးစိုးနေသည်မို့ ထောင့်လေးနား ကပ်၍ မျက်ရည်များနဲ့ ဝိုးတိုးဝါးတား ဖြစ်ကာ ခြေမခိုင်တော့တာမို့ အတင်း ထိုင်ချမိသည် ။
![](https://img.wattpad.com/cover/354186529-288-k294738.jpg)