ညည်းစိ ၊ ညည်းစိ နဲ့ အုံခဲနေသော ခေါင်းကြီး ၊ ဆေးနံ့တွေ လှိုင် လှိုင် ထနေသော သူမ အခန်းကြီး ...ဒါဆို သူ မသေသေးဘူးပေါ့ ။ စိတ်ပျက်စရာ ကောင်းလောက်အောင် ပျက်ယွင်းနေတဲ့ ဘဝကြီးကို လာကူမဲ့သူ မရှိတော့ဘူးလား ။
အပျက်ပျက် ၊ အယွင်းယွင်း ဖာထေးလို့ မရတော့တဲ့ သူမ ဘဝ ကို ဘယ်သူက ရော နားလည်နိုင်မှာလဲ....ဟက် ၊ဘာလဲ ....သူတို့ ပြော ပြောနေတဲ့ ချမ်းသာတဲ့ သူဌေးကြီး Mr.Lee ရဲ့ သမီး ဘဝကို ကြည့်ကြပါဦး ။
သူမ ဖအေ၏ ယုတ်မာရက်စက်မှုကြောင့် ဒဏ်ရာ ၊ဒဏ်ချက် ဗလေပွ နဲ့ အိပ်ယာထဲ လှဲ နေရတာတောင် မျက်ရည်မျက်ခွက်နဲ့ ငိုကြွေးနေရသည် ။
ဘယ်သူ သိမှာလဲ....Mr Lee က သူ့သမီးရဲ့ ဖြစ်တည်မှုကို လက်မခံနိုင်လို့ အတင်းယောကျာ်း ပေးစားတယ် ဆိုတာ ၊ ဘယ်သူ သိမှာလဲ ... Mr.Lee က သူ့ရည်ရွယ်ချက် အောင်မြင်ဖို့ ဘာမဆို လုပ်နိုင်တယ် ဆိုတာကိုပေါ့....ဟက် ၊ သူ့သမီးရဲ့ အသက် ဆိုတာတောင်မှပေါ့ ။
ငိုကြွေး ရလွန်း လို့လည်း ပင်ပန်းနေပြီ ၊ အသက်မရှိတဲ့ လူလို ၊ နှလုံးသားတစ်ခုလုံး ဆွဲဖြုတ် ခံထားရတဲ့ လူလို ၊ ရှင်သန်ဖို့လည်း မသိချင်တော့ဘူး .... သူ သေချင်တာပဲ သိေတာ့တယ် ။
ကုတင်ပေါ် မှ လှဲနေရင်း မသက်မသာ ခေါင်းကြီးအား ဘယ်ညာ စောင်းကြည့်တော့ စားပွဲပေါ်မှာ ပန်းသီးလှီးတဲ့ ဓားအား လက်ဆန့်တန်းကာ မမှီမကန်း လှမ်းယူလာ၏ ။ ဒဏ်ရာ ၊ ဒဏ်ချက်များကြောင့် လူက လှုပ်တိုင်း နာကျင်လာကာ အချို့ဆို သွေးပြန်ထွက်နေ၏ ။
ခဲရာခဲဆစ် အားအကုန် သုံးပြီးမှ ရလာတဲ့ အသီးလှီး ဓားအား ကြည့်ကာ မျက်ရည်များ ဖြိုင်ဖြိုင် ကျလာ၏ ။ မဆုံနိုင်တော့တဲ့ ဒီဘဝမှာ မမ မရှိဘဲ ဘယ်လို ရှင်သန်ရမလဲ ၊ အဖေ့ရဲ့ နှိပ်စက်မှုတွေကြောင့် ကိုယ်ကိုယ်တိုင် ပြေးပေါက် ပိတ်နေတဲ့အခါ မမ က အမြဲတမ်း ရှိနေခဲ့တာ ၊ အခုတော့ သူမ မှီတွယ် နေထိုင်နေတဲ့ အိမ်လေးဟာ ပျောက်ကွယ်သွားခဲ့ပြီ ။ ဖြစ်သမျှ အကြောင်း အကောင်းလို့သာ သတ်မှတ်လိုက်မယ် ၊ အဖေ့အတွက် အသုံးမကျတဲ့ သမီးဘဝ ကို သမီးကိုယ်တိုင် အဆုံးသတ်မယ် ။