သူ့ရဲ့ အလုပ်ချိန်တွင်းမှာ မခေါ်ဖို့ သဘောတူထားခဲ့သော်လည်း အရေးကြီး ကိစ္စဆိုတဲ့ခေါင်းစဉ်နဲ့အတူ ဟီဆွန်း ဒီနေရာကို ရောက်လာခဲ့ပါပြီ။ အရေးကြီးရင်ကြီးသလောက် သူရဲ့ ရပိုင်ခွင့်ကလဲ ကြီးမည် မဟုတ်လား။
"ရောက်လာပြီလား အီသန်"
"ကျတော့် အလုပ်ချိန်တွင်းမခေါ်ဘူးလို့ သဘောတူထားပြီး ခုက ဘယ်လောက် အရေးကြီးလို့လဲ"
အီသန့် အမေးကြောင့် အမှောင်တနေရာက လူမှာ ခပ်သာသာပြုံးရင်း အီသန်ရှေ့သို့ အထုတ်တစ်ထုတ်ပစ်ချပေးလိုက်တော့ သေချာပေါက် အချီကြီးပါတဲ့ ငွေထုတ်ပေါ့။
"ညနှစ်နာရီ.... အတိကျဆို နောက်ထပ် မိနစ် 20 အတွင်းမှာ ဘူဆန်ဘက်ကို ထွက်တော့မဲ့ သင်္ဘောဆိပ်မှာ ပစ္စည်းသွားယူပေး အီသန်...ပီးရင် ဒီအထုပ်ကိုဗန်းပြပြီး အပြတ်ရှင်းခဲ့...အရင်လို မှောက်ယုံမဟုတ်ဘဲ အပြတ်နော်...ခြေရာ လက်ရာမကျန်ဘဲနဲ့"
"ပီးရင် ငါ့ဆီကို မနက်လေးနာရီ နောက်ဆုံးထားပြီး ပစ္စည်း ပြန်လာပေး... အဲ့ပစ္စည်းက ရွှေထပ်တန်ဖိုးရှိတယ်...အထိခိုက်မရှိ ဘာပြသာနာမှ မရှိဘဲ ယူလာနိုင်ရင်...မင်းရှေ့က အဲ့အထုပ်က မင်းအတွက်ပဲ အီသန်"
အီသန် တောက်လျှောက် ပစ္စည်းနဲ့ငွေ အပေးယူဘဲ လုပ်ခဲ့သမျှ ဒီတခါက အသက်ကိုပါ နုတ်ရတော့မည်လား။ ငွေနောက်လိုက်ရင်း မကောင်းတဲ့ လမ်းကို ရွေးမိပြီးထဲက မကောင်းမှန်းသိသော်လည်း နောက်ပြန်ဆုတ်ဖို့ မစဉ်းစားမိ မိုက်ရူးရဲစွာသာ ဆက်လျှေယက်နေမိသည်။ ခုတော့ လမ်းက ပိုပိုနက်ပြီး ကြမ်းလာပြီထင်။
"ကျတော့်ကို လူသတ်ခိုင်းနေတာလား"
"ခက်ခဲလို့လား အီသန်...မင်းအတွက် အလွယ်လေးတွေပါ...ဘာပြသာနာမှာလဲ မရှိလာစေရဘူး ငါ့ကိုယုံတယ်မှတ်လား"
"ဒါပေမဲ့...သတ်ပစ်ဖို့ထိကျ"
"အီသန်...ဆေးရုံက မင်းအမေကို မကယ်ချင်တော့ဘူးထင်တယ်...ဘာလဲ လက်လျော့လိုက်ပြီလား"
အမေဆိုတဲ့အသံကြားတာနဲ့ ရင်တွေပူလာရတယ်...ဟင့်အင်း အမေ့ကို ဘယ်တုန်းကမှ လက်မလျော့ခဲ့ဘူး ရတဲ့နည်းနဲ့ အမေ့အသက်ကို ရသလောက်ဆွဲထားမှာ... အီသန်ဘဝမှာ မေမေကလွဲလို့ ဘာဆိုဘာမှ မရှိတာလေ။
YOU ARE READING
𝒀𝒆𝒔 𝒕𝒐 𝒉𝒆𝒂𝒗𝒆𝒏 🖇️🪽
Fanfictionဒီကမ္ဘာမှာဒီဘဝကုန်သွားခဲ့ရင်တောင် နောက် ကမ္ဘာ နောက်တစ်ဘဝမှာ တူတူပြန်ဆုံနိုင်ဖို့ ဆုတောင်းနေခဲ့တာ 🖇️ Heejake 🖇️