"အီသန် ဘယ်မှာလဲ"
ဟိန်းပြီးထွက်လာတဲ့ အသံကြောင့် အကုန်လုံးဟာ တုန်တုန်ရီရီ
"ကျတော်တို့ တကယ် မသိတာပါ boss... အဲ့နေ့က သူ့အိမ်ရှေ့ထိ ကျတော်တို့ သွားစောင့်ခေါ်ခဲ့တာပါ"
"စောက်သုံးမကျလို့ လွတ်သွားတာမှတ်လား...မင်းတို့ သုံးယောက်သွားပြီး အီသန်တစ်ယောက်ကိုတောင် ခေါ်မလာနိုင်ဘူးလား"
"အဲ့တုန်းက အီသန် တစ်ယောက်ထဲတော့ မဟုတ်ဘူး boss...ကောင်လေးတစ်ယောက်နဲ့အတူတူလာတာ...ဒါမဲ့ အဲ့ကောင်လေးက ဒဏ်ရာ ရထားတဲ့ပုံပဲ"
"ကောင်လေး...ဟုတ်လား....မျက်နှာ မြင်ခဲ့လား..."
"ခပ်သေးသေး ကောင်လေး တစ်ယောက်ပဲ boss မျက်နှာက အီသန် ရင်ခွင်ထဲမှာ ထည့်ဖွက်ထားလို့ မမြင်လိုက်ရပေမဲ့ သေချာတာ ဒဏ်ရာ ရထားတယ်"
"မင်းတို့ကောင်တွေ စောက်သုံးကျတာ တကောင်မှ မရှိဘူး.... အခုချက်ချင်း အဲ့နှစ်ယောက်လုံးကို မြေလှန်ရှာခဲ့....အဲ့နှစ်ယောက် အပြင် ဟိုသူတောင်းစားကိုပါ ရအောင် ရှာနော်....မဟုတ်ရင် မင်းတို့ကောင်တွေလည်း မလွယ်ဘူးမှတ်"
***************************************************
အီသန် ပိတ်ထားတာ ကြာတဲ့ ဖုန်းကို ဒီနေ့မှ ဖွင့်ကြည့်ဖြစ်တယ်။ အမေ့ အခြေနေ မေးဖို့ ဆေးရုံကို ဖုန်းဆက်ရဦးမယ်လေ။တောက်လျှောက်တက်လာတဲ့ miss called noti ေတွကို လျစ်လျူရှုရင်း သတိထားမိလိုက်တဲ့ ပုံတစ်ပုံနဲအတူ မက်စေ့ တစ်စောင်။
ဆေးရုံအိပ်ယာထက် လှဲနေတဲ့ အမေ့ပုံ.... ဆေးရုံဟာ အရင်နဲ့ မတူဘဲ တခြားဆေးရုံတစ်ခုရောက်နေတယ်ဆိုတာ ဟီဆွန်းသတိထားမိတာနဲ့ တပြိုင်နက် စိတ်ပူသွားရတာအမှန်ပါ။
"အီသန်..မင်းအမေကို မထိခိုက်ဘဲ ပြန်တွေ့ချင်တယ်ဆိုရင် ဒီစာမြင်တာနဲ့ ငါ့ဆီ အပြေးလာခဲ့လိုက်...မဟုတ်ရင် မင်းအမေ အသက်က ငါ့လက်ထဲမှာ ဆိုတာ မမေ့နဲ့နော် အီသန်"
"တောက် ခွေးကောင်...."
စာကိုဖတ်ပြီးတာနဲ့ ထောင်းခနဲ ထွက်လာတဲ့ ဒေါသနဲ့အတူ စိုးရိမ်ပူပန် စိတ်ကြောင့် ဟီဆွန်းချက်ချင်းဆိုသလို အပေါ်၀တ်ကို ကောက်ဆွဲကာ ထွက်သွားဖို့ပြင်တော့
YOU ARE READING
𝒀𝒆𝒔 𝒕𝒐 𝒉𝒆𝒂𝒗𝒆𝒏 🖇️🪽
Fanfictionဒီကမ္ဘာမှာဒီဘဝကုန်သွားခဲ့ရင်တောင် နောက် ကမ္ဘာ နောက်တစ်ဘဝမှာ တူတူပြန်ဆုံနိုင်ဖို့ ဆုတောင်းနေခဲ့တာ 🖇️ Heejake 🖇️