"ရှင်းမ်ဂျယ်ယွန်း ဘယ်မှာလဲ"ဟိန်းခနဲ ထွက်လာတဲ့ Will ရဲ့ အသံဟာ အခန်းတခန်းလုံး ပျံလွင့်လျက်။
ဟီဆွန်း hyung ကို ယုံစားပြီး ထည့် ပေးလိုက်မိတာ ခုတော့ အချိန်မှီပေါ်မလာတဲ့ ဂျိတ်ခ်ကြောင့် သွားပြီ ဆိုတာ သိနှင့် ပြီးသား ဂျေးကတော့ Will ရှေ့မှာ ခေါင်းမဖော်ရဲ။
"ကျွန်တော် တကယ် မသိတာပါ hyung"
"ညက မင်းတို့ အတူ ခိုးထွက်သွားတာ မဟုတ်ဘူးလား...ငါ မသိဘူးထင်မနေနဲ့ ဂျေး...အခုချက်ချင်းဖြေ ရှင်းမ်ဂျယ်ယွန်း ဘယ်မှာလဲ"
တင်းမာ ပြင်းထန်လွန်းနေတဲ့ Will ရဲ့လေသံကြောင့် ဂျေးမှာလဲ ထိတ်လန့်နေရပြီ။
"ကျွန်တော်တကယ် မသိတာပါ hyung...ညက အတူတူသွားတာ ဟုတ်ပေမဲ့ ပြန်တော့ အတူတူ
မဟုတ်တော့တာပါ""မင်းက သူ့မန်နေဂျာ မဟုတ်ဘူးလား...သူ့ဘေးနားမှာ အမြဲရှိနေရမှာလေ...ရှင်းဂျယ်ယွန်းကို ဒီနေ့ ရအောင် ပြန်ခေါ်လာခဲ့ ပတ်ဂျေး.....မဟုတ်ရင် မင်းလဲ
မလွယ်ဘူးဆိုတာ သိတယ် မှတ်လား"ဂျေးမှာ စိုးရိမ်ကြောက်ရွံ့မိတွေနဲ့ သာ ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း။
*********************
ပင်လယ်ကိုရောက်တာနဲ့ သောင်ပြင်ထဲ အော်ဟစ်ပြီး ပြေးဆင်းသွားတဲ့ ဂျိတ်ခ် ကိုကြည့်ရင်း ဟီဆွန်းတစ်ယောက် နူးနူးညံညံ ပြုံးလိုက်မိသည်။Screen ပေါ်မှာ မြင်တွေ့နေကြ အရမ်းမိမိုက်ပြီး ချောမောလွန်းလှတဲ့ ဂျိတ်ခ်နဲ့ မတူလောက်အောင် သူ့မျက်စိရှေ့ ပြေးလွှားခုန်ပေါက်နေတဲ့ ဂျိတ်ကတော့ idol
ဂျိတ်ခ် မဟုတ်တဲ့ ၁၉ နှစ် အရွယ် သာမန်
လွတ်လပ်ပျော်ရွှင်နေသော ကောင်လေးငယ် တစ်ယောက်ပင်။"ဘာရပ်ကြည့်နေတာလဲ ခင်ဗျားက...လာလေ"
သူ့ကို လက်ယက်က လှမ်းခေါ်နေတဲ့ ဒီကောင်လေး
ငယ်ဟာ တကယ့် ခွေးပေါက်စနလေးနှင့်
တူလွန်းလှသည်။"ရေထဲဆင်းမလို့လား ဂျိတ်ခ်...အေးနေတာကို"
"ပင်လယ်ရောက်မှာတော့ ပင်လယ်ရေထိရမှာပေါ့ ခင်ဗျားကလဲ...လုပ်လုပ် ဖိနပ် မြန်မြန်ချွတ်"
YOU ARE READING
𝒀𝒆𝒔 𝒕𝒐 𝒉𝒆𝒂𝒗𝒆𝒏 🖇️🪽
Fanfictionဒီကမ္ဘာမှာဒီဘဝကုန်သွားခဲ့ရင်တောင် နောက် ကမ္ဘာ နောက်တစ်ဘဝမှာ တူတူပြန်ဆုံနိုင်ဖို့ ဆုတောင်းနေခဲ့တာ 🖇️ Heejake 🖇️