Part-(1)

526 41 7
                                    


Unicode





1960 ခုနှစ်.....

"ဂျွန်....ကမ်းခြေဘက်ကို သွားချင်တယ်"

အသံကြောင့် စာအုပ်တွေစီနေရင်းကနေ  ကုတင်ပေါ်က ပါးလျလျပုံရိပ်လေးဆီလှမ်းကြည့်လာသူ....။ စာအုပ်စီခြင်းကိုရပ်လိုက်ပြီး ကုတင်ဆီကိုတစ်လှမ်းခြင်းလျှောက်လာသည့်အမျိုးသားသည် ခံ့ညားချောမောမှုတို့နဲ့ပြည့်စုံသည်...။

" ဆောင်းဝင်ပြီဆိုတော့ အေးနေမှာလေ..."

ကုတင်ပေါ်တင်ပလွှဲထိုင်ပြီး လှဲလျောင်းနေသူရဲ့ နဖူးလေးကိုငုံနမ်းရင်းပြောသံက တိုးဖွဖွ....။ မထိရက်မကိုင်ရက်သလို အညိုရောင်ဆံပင်ပျော့ပျော့လေးတွေကိုသပ်တင်ပေးရင်း ကြည့်လိုက်တဲ့အကြည့် ပြုံးလိုက်တဲ့အပြုံးတို့က လဲလျောင်းနေသူအပေါ် မြတ်နိုးမှုတို့အပြည့်မှန်းသိသာလှစွာ....။

"သွားချင်တယ်...."

ခပ်တိုးတိုးထပ်မံပူဆာလာသူကြောင့် ဂျွန် သက်ပြင်းခပ်ဖွဖွချလိုက်မိသည်....။ အမြဲတစေတောက်ပပြီးကြည်လဲ့နေတတ်တဲ့ မျက်ဝန်းညိုလေးတွေဟာလဲ အခုအချိန်မှာမှေးမှိန်ဖျော့တော့နေသည်...။ ပန်းသွေးရောင်ကြွပြီးစိုလဲ့နေတတ်တဲ့နှုတ်ခမ်းဖူးဖူးတို့ဟာလဲ အခုအချိန်မှာဖြူလျော်ပြီးခြောက်သွေ့နေသည်....။ စစ်ပွဲအတွင်းမှာ ပျံ့နှံ့ခဲ့တဲ့ပလိပ်ရောဂါဟာ အခုချိန်ထိလူတွေအလူးအလှိမ့်ခံနေရတုန်း....။

"ဒါဆို Jimin အဝတ်ထူထူဝတ်ဖို့တော့လိုလိမ့်မယ်နော်...."

"ပထမဆုံးနှင်းကျပြီလား ဂျွန်..."

ပြောတာတစ်ခြား အမေးတစ်မျိုးဖြစ်နေပုံက သူတို့ပီပီသသပါပဲ....။ ဘီရိုထဲကအနွေးထည်ထူထူကိုထုတ်ယူလာပြီး ဂျွန်ပြန်ဖြေလိုက်တယ်....

"မကျသေးဘူး...ဒီနှစ်ကနောက်ကျတယ်...
အနွေးထည်ဝတ်ရအောင်..."

ခပ်ဖွဖွဆွဲထူပြီး အနွေးထည်ဝတ်ပေး ဆံပင်လေးသပ်တင်ပေး ပွေ့ချီပြီး ဝှီးချဲပေါ်နေရာပြင်ပေးတာထိ ဂျွန်လုပ်ပေးနေတာ ယုယုယယလေး...။ မထိရက်မကိုင်ရက်လောက်အောင် ဂျွန့်မှာသူ့ကိုသိပ်ချစ်ခဲ့ရတာ....။ ကမ်းခြေကိုရောက်ရင် သေချာပေါက်သဲပြင်ပေါ်ခြေထောက်ချချင်သူအကြောင်းသိသူပီပီ သဲသောင်ပြင်ပေါ်အခင်း,ခင်းဖို့ရာ စောင်ပိုင်းတစ်ထည်နဲ့ လွှမ်းခြုံပေးဖို့စောင်ပိုင်းလေးတစ်ထည်ဟာလဲမပါမဖြစ်...ဂျွန်မမေ့ပါ...။

🍀Density🍀 //Uni+Zaw// {Ongoing}Where stories live. Discover now