Unicode
" Min Yoongi shii ကိုသိပ်ကျေးဇူးတင်တာပဲ...
ဒီဆိုင်လေးကိုမှတ်ထားရမယ်...အရသာကောင်းတယ်..."အစားအသောက်တွေကို အားရပါးရစားပြနေရုံမက လက်မလေးတောင်ထောင်ပြလိုက်သေး...။ ကိုယ်ကတော့ အစာလွန်သွားပြီမလို့အများကြီးမစားနိုင်သည့်တိုင်အောင်....ထိုကောင်လေးကတော့ နှစ်ယောက်စာကို တစ်ယောက်တည်းအပီအပြင်တွယ်နေသည်...။
"အပြန်ရောလိုက်ပို့ရဦးမလား..."
"အာ...ရတယ်...ရတယ်...
ကျွန်တော့ကိုလာကြိုမဲ့သူရှိတယ်....သူမလာနိုင်ရင်လဲ Taxi နဲ့ပဲပြန်မှာပါ..."ကောင်လေးပြောတာကိုခေါင်းညိမ့်ပြပြီး စားသောက်ခြင်းကိုလက်စသတ်တော့ စိတ်ထဲမှာ တစ်ယောက်ယောက်ကစိုက်ကြည့်နေသလိုခံစားရတာကြောင့် ဘေးဘီကိုတစ်ချက် ဝေ့ဝဲကြည့်မိလိုက်သည်...။ စကားပြောနေသူတွေရယ် စားသောက်နေကြသူတွေရယ်ကလွဲ ဘယ်သူမှရှိမနေ...။
"ပြန်ကြရအောင်လေ Min Yoongi shii...."
ပြောစရာစကားမရှိသလို နှစ်ယောက်သားတိတ်တဆိတ်ပဲ ဆိုင်အပြင်ကိုထွက်လာလိုက်သည်...။
"Min Yoongi shii ကို တကယ်ကို ကျွန်တော်ကျေးဇူးတင်ပါတယ်..."
"ရပါတယ်...မလိုပါဘူး...
ကူညီရတာကို ကျွန်တော်လဲအရမ်းဝမ်းသာမိပါတယ်...""ဂရုစိုက်ပြီးပြန်ပါ..."
"ခွင့်ပြုပါဦး...."
သေချာနှုတ်ဆက်လိုက်ပြီး Min Yoongi ဆိုတဲ့လူမောင်းတဲ့ကားလေးမြင်ကွင်းထဲကပျောက်ကွယ်တဲ့အချိန်ထိ လိုက်ကြည့်နေမိသည်...။ လေတစ်ချက်အဝေ့မှာ ဆတ်ခနဲတုန်သွားတဲ့ခန္ဓာကိုယ်ကြောင့် အနွေးထည်ရင်ဘတ်ကိုလက်နဲ့ဆွဲစိကာ....Jeon Jungkook ဆီဖုန်းဆက်ဖို့လုပ်ရသည်...။ အားရောအားပါ့မလားမသိပေမဲ့ ကိုယ်တိုင်လဲသေချာမသွားတတ် မလာတတ်တာကြောင့် ဖုန်းမဆက်လို့ကလဲမရ...။
"လာခဲ့...!!.."
ဝုန်း....!!!...
ဒုန်း....!!!...
"အ့...!.."
"ပြော....အဲ့ကောင်ကဘယ်သူလဲ..."
ရုတ်တရက်ဆွဲခေါ်ခံရခြင်းနဲ့အတူ လမ်းကြားလေးထဲကနံရံတစ်ခုဆီ Jimin ဆွဲကပ်ခြင်းခံလိုက်ရသည်...။ အရှိန်အနည်းငယ်ပြင်းတာမို့ ကျောပြင်ကအောင့်သက်နာကျင်သွားတဲ့အပြင် ခပ်တင်းတင်းဆုပ်ကိုင်ခံထားရတဲ့ လက်ကောက်ဝတ်ဆီကလဲနာကျင်သည်...။
YOU ARE READING
🍀Density🍀 //Uni+Zaw// {Ongoing}
Romance" မင်းက ကလေးလေးပဲ ဂျွန်....။ မင်းပြောတဲ့ ကံကြမ္မာကို ကိုယ်မယုံဘူး...။ ယုံတမ်းပုံပြင်တွေကိုလဲ ကိုယ်မကြိုက်ဘူး...။ ကိုယ်က ကိုယ့်ကံကြမ္မာကို ကိုယ်တိုင်ပဲရေးတယ်....။ ပြီးတော့ မင်းရှာနေတဲ့သူ အခုမင်းပြောနေတဲ့သူကလဲ ကိုယ်ဖြစ်ချင်မှဖြစ်မှာပါ...." ...