လူတစ်ယောက်ကိုနှစ်နှစ်ကာကာချစ်မိခြင်း။
"စတော်ဘယ်ရီတွေ ချဉ်နေတယ်"
24နာရီစတိုးဆိုင်ကအဒေါ်ကြီးဟာထိုစကားကိုကြားတဲ့အခါသူမမျက်နှာဟာရှုံ့မဲ့သွားခဲ့သည်။
"ဒီဇင်ဘာတောင်မကုန်သေးတာအချဉ်သီးတွေပဲသီးအုံးမှာပေါ့"
အဒေါ်ကြီးရဲ့ချေပသံဟာငါ့နှုတ်ခမ်းတွေကိုကွေးညွှန့်သွားစေခဲ့သည်။အင်း..ငါကလည်းငါပါပဲ။အပေါက်ဆိုးတဲ့အဒေါ်ကြီးကိုမှသွားပြောမိတာကိုး။
ကောင်တာပေါ်ကကြောင်စာဘူးအချို့နှင့်စတော်ဘယ်ရီနို့ဘူးဖိုးကိုကျသင့်သလောက်ရှင်းလိုက်ပြီးထိုဆိုင်ထဲကနေထွက်လာခဲ့လိုက်သည်။
အပြင်မှာနှင်းတွေကျနေတုန်းပဲမလို့အအေးဓာတ်ဟာအသားထဲထိစိမ့်၀င်လာသည်။hot packမ၀ယ်သွားလို့ဆိုင်ထဲကအဒေါ်ကြီးဟာတစ်ယောက်ထဲကြိမ်းမောင်းနေဦးမည်။
ထိုကဲ့သို့တွေးမိသည့်အခါငါထပ်မံပြုံးမိပြန်သည်။ငယ်ငယ်ကတည်း ကကြီးပြင်းလာတဲ့ထိုရပ်ကွက်ထဲမှာအပေါက်ဆိုးတဲ့
၂၄နာရီစတိုးဆိုင်ကအဒေါ်ဟာငါအခင်ဆုံးဖြစ်သည်မဟုတ်လား။လမ်းမီးတိုင်တွေမှိန်နေရသည့်အကြောင်းပြချက်ဟာ
တဖွဲဖွဲကျနေသည့်နှင်းတွေကြောင့်ဖြစ်မည်။ဒီဇင်ဘာကုန်ခါနီးမှာတောင်နှင်းမိုးကမစဲသွားခဲ့။အချိန်အားဖြင့်ည၈နာရီလောက်ရှိနေပြီ။လမ်းမှာငါတစ်ယောက်ထဲ။
ခုလိုအေးသည့်ညတွေမှာလမ်းထွက်လျှောက်တာဆိုလို့လည်းငါပဲရှိတာမလို့တစ်ယောက်ထဲဖြစ်တာဟာသိပ်တော့အထူးတဆန်းမဟုတ်။
စတိုးဆိုင်ကနေထွက်လာပြီးသုံးလေးလှမ်းလောက်လျှောက်ပြီးသည့်နောက်မှာမီးတိုင်လေးတစ်တိုင်အောက်ငါထိုင်ချလိုက်သည်။
အဲ့နောက်အိတ်အကြည်လေးထဲက၀ယ်လာသည့်ကြောင်စာဗူးတစ်ခုကိုထုတ်လိုက်ရင်းငါဖောက်လိုက်၏။
သိပ်မကြာခင်မှာဖြူစွတ်နေသည့်ကြောင်လေးတစ်ကောင်ဟာအချိန်ကိုက်ရောက်လာခဲ့သည်။အစောနကဖောက်ထားသည့်
ဗူးလေးကိုအနံ့ခံပြီးနောက်မှာကြောင်လေးကအစာကို စစား
၏။
YOU ARE READING
Khun Gem Daily routine love latter (geminifourth ff✅)
FanficLast page။ ။sunflowers are yellow. Fanfiction Main characters-Geminifourth Total chapter-8 Hope you guys enjoy this💓