စာမျက်နှာ၄။

579 90 55
                                    

စတော်ဘယ်ရီတွေချိုလာသည်။

《တည်ငြိမ်နေတဲ့ နှလုံးသားလေးက
တစ်ဖြည်းဖြည်းပြောင်းလဲလာပြီ ဘာလို့များလဲ
အဖြူရောင် ပူဖောင်းလေးတွေ
တစ်ဖြည်းဖြည်း ရောက်လာသလိုမျိုးsailing》
                                                                         Blue wave-NCT

________________________________

"ခွန်! ခွန်ကျွန်တော့်ကိုစောင့်ပါဦး!!"

နောက်ကျောကလွင့်လာသည့်အသံချိုချိုလေးကိုကြားသည့်အခါစက်ဘီးဖြူလေးအားငါအရှိန်ကိုမသိမသာလေးနှိမ့်လိုက်သည်။

သိပ်မကြာခင်မှာပဲနံဘေးသို့အဝါနုရောင်စက်ဘီးအသစ်ကလေးဘေးချင်းယှဉ်ကာမောင်းလာသည့်အခါငါ့နှုတ်ခမ်းတွင်အပြုံးတွေကနေရာယူလျက်။

"လမ်းထိပ်ထိနော်!နောက်မှရောက်တဲ့လူ ရေခဲချောင်း၀ယ်ကျွေးကြေး!"

အရှိန်ပြင်းပြင်းဖြင့်အဝါရောင်စက်ဘီးလေးရှေ့သို့တက်သွားသည့်အခါငါပြုံးရုံမျှပြုံးရင်းပုံမှန်အရှိန်လေးဖြင့်နင်းနေလိုက်သည်။

ကျော်တက်ဖို့စိတ်ကူးလည်းမရှိသလိုကျော်တက်သွားမှာကိုလည်းငါမလိုလားပါ။

Fourthဟာအနိုင်ရမှပျော်တတ်သည့်ကလေးမဟုတ်လား။

တစ်ခါကကျောင်းမှာဘောလုံးကန်တုန်းကသူ1stဆုတံဆိပ်မရလို့အတန်းကြီးကစီနီယာနဲ့ဂျာစီလဲပြီးခပ်တည်တည်ပင်ဆုတတ်ယူတာကိုငါသတိရသွားသည်။

ချစ်မွှေးလေးမလို့အနိုင်ရတဲ့ဘက်ကဘာမှမပြောတဲ့အပြင်ပွေ့ချီပြီးပါဂုဏ်ပြုပေးခံရတဲ့ထိfourthဟာကျောင်းရဲ့ လိပ်ပြာလေးဖြစ်သည်။

ပုံမှန်အရှိန်လေးဖြင့်သွားနေသည့်ငါ့စက်ဘီးဟာလမ်းထိပ်က စတိုးဆိုင်စီအရောက် ခုန်ဆွခုန်ဆွဖြင့်စောင့်နေသည့်ကောင်လေးကိုလှမ်းမြင်လေသည်။

စက်ဘီးပေါ်ကဆင်းရင်းဒေါက်ချလိုက်ကာရှေ့သို့ကြည့်လိုက်တော့fourthဟာသွားတန်းဖွေးဖွေးလေးတွေပေါ်အောင်ပြုံးပြီးအနားသို့ရောက်လာလေသည်။

"ကျွန်တော်၂ခုစားမှာနော် ခွန်ရှင်းပေးရမှာ"

ငါပြုံးရင်းပင်ခေါင်းအသာငြိမ့်ပြတော့မုန့်ဖိုးရသွားသည့်ကလေးလိုမျိုးဆိုင်ထဲပြေး၀င်သွားသည့်ပုံကအသဲယားစရာ။

Khun Gem Daily routine love latter (geminifourth ff✅)Where stories live. Discover now