part 23

2K 129 8
                                    

🍓🍓မတည့်အတူနေ🍓🍓

သိပ်မကြာဘူး မောင်တို့ပြန်လာပြီ...
ကြည့်ရတာ နှယောက်လုံးမျက်နှာမကောင်းဘူး..အပင်ရှာမတွေ့လို့ဖြစ်မယ်...

"မောင်...
မတွေ့ဘူးလား..."

"ဟုတ်လား ထယ်..."

နှယောက်လုံးခေါင်းသာ ညိမ့်ပြရုံ ...
နှစ်သိမ့်ပေးရုံကလွဲ ဘာမတတ်နိုင်ဘူးလေ...ကိုယ်လဲတတ်နိုင်သလောက်တော့ ရှာတာပဲ တွေ့မှမတွေ့တာ...

"မောင်..ဘာမဖြစ်ဘူးနော် ...လာ..လာ.."
"ဟင့် ဟင့်.."

ဟော ငိုပြီ ...
နှစ်သိမ့်ပေးကာမှ ရင်ခွင်ထဲတိုးကာ ခလေးအတိုင်းငိုချလိုက်သည်...
ထယ်ကတော့ အဆင်ပြေတယ် မျက်နှာမကောင်းတာပဲရှိတယ်...မောင်က အစတည်းက ခလေးလိုချင်နေတာလေ..မျှော်လင့်ချက်တေအများကြီးထားပြီးမှ ရိုက်ချိုးသလိုဖြစ်သွားတော့ သူဘယ်လိုခံစားရမလဲ သိတာပေါ့..

"မောင်...မငိုပါနဲ့..."
"မောင် ခလေးမရတော့ဘူး...ဟင့်..ဟင့်...မင်သိလား..မောင်လေ..."
"သိတယ်..သိတယ်..မငိုနဲ့..မောင်လိုချင်ရင်..မင်မွေးပေးမာပေါ့...
ခုခေတ်က နည်းပညာတေစုံတယ်လေ...တမျိုးမျိူးနဲ့ ယူကြတာပေါ့နော်..."
"တကယ်လား..."
"အင်း..."
"ဂတိနော်.."
"ဆယ်ခါပြန်ပေးတယ်..."

ထယ်နဲ့အဟုပ် မျက်လုံးလေးများပြူးပြကာ 'တကယ်လား'ဆိုပြီး သူတို့ပါ မေးနေသည့် ပုံသဏ္ဍန်...
Jmအသံမထွက်‌အောင် 'ရှူး' လုပ်ပြပြီး ခေါင်းခါပြလိုက်သည်....
Jmနဲ့ jkကိုကြည့်ပြီး ထယ်နဲ့အဟုပ်လဲ ခေါင်းသာခါမိသည်...
မကြီးမငယ်ငိုနေသူ ခလေးလေးကတော့ အငိုတိတ်သွားပြီ....
အငိုတိတ်အောင် နှစ်သိပ့်ပေးတာလို့ ပြောလိုက်ရင် သူဘယ်လိုဖြစ်သွားမာလဲ...

"ကဲ ပြန်ကြမယ်....
ဟိုနှယောက်အဆင်ပြေရင် ပြန်ကြမယ်.."
"မင်းတို့ ဟန်းနီးမွန်းမသွားကြတော့ဘူးလား..."
"မသွားချင်တော့ပါဘူးကွာ.."

‌အင်းပေါ့ ..သူတို့လဲ အနည်းနဲ့ အများတော့ စိတ်ဓာတ်ကျသွားမာပေါ့...

ခရီးစဉ်က မအောင်မြင်တော့ ပြန်ကြရတော့တာပေါ့....

"ဟူး....."
"ရောက်ပြီ...
ကောင်းကောင်းပြန်နော်"
"အင်း..."

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now