part 27

1.7K 103 3
                                    

🍓🍓မတည့်အတူနေ🍓🍓

ဟိုသာအဖနှယောက်မထသေးဘူး...
ကိုယ်ကတော့ မနက်စောစောထ မနက်စာပြင်ရ အဝတ်လျှော်ရ  အိမ်မှုကိစ္စတေနဲ့ လုံးလည်လိုက်နေရတာ...
သူတို့သားအဖကတော့ အိပ်လိုက်ကြတာများ သိုးလို့...

"မောင်ထတော့..."
"မထချင်သေးဘူး မင်ရယ်..."
"ကျစ် ထလို့ ..ဘယ်နှနာရီ ထိုးပြီလဲ ထကြည့်အုံး..."
"အလုပ်ပိတ်တယ်လေ မင်ရယ်...."
"သိတယ်လေ အလုပ်ပိတ်တာကို....
မောင် သားကို အလုပ်ပိတ်ရင် ....
ဘာပြောထားလဲ..."

အိပ်ယာမှ ငေါက်ကနဲထ ထိုင်မိသည်..
ဟုတ်သားပဲ သားကို ထယ်တို့နဲ့အတူ ကစားကွင်းသွားဖို့ ပြောထားကြတာ....

"မင် ဘယ်လိုသိတာလဲ..မောင် မင့်ကို မပြောရသေးဘူးလေ..."
"ဘယ်သူရှိမလဲ ..မင်းသားလေ မနေ့ကတည်းက သွားချင်တယ် တဖွဖွပြောနေတာ...ညတုန်းကလဲ တဂျီဂျီနဲ့ ငါအကောင်းမအိပ်ရဘူး.."

မနေ့က ကျတော်နဲ့အဟုပ် သွားဖို့လာဖို့ကိစ္စတိုင်ပင်နေတော့ သူတို့လဲ ကစားကွင်းသွားဖို့ တိုင်ပင်နေကြတာ ထင်တယ်..….အ့ကြောင့် သားကမအိပ်ချင်ဘူး...မိုးလင်းရင် ကစားကွင်းသွားဖို့ပဲပြောပြီး ဂျီကျနေတာ..…

"သွားမျက်နှာသစ်တော့ သားကို မင်ပဲ နိုးလိုက်မယ်...
"အင်း..."

"သား..သားလေးထ.."
"ဟင့်..ဟင့်..ထချင်ဘူး"
ဘယ်ထချင်မလဲ မိုးလင်းခါနီးမှအိပ်တာကို .....သူမအိပ်တော့ ကိုလဲ မအိပ်ကဘူးလေ..ဟွန်း....

"ထပါသားလေးရယ်....
ပြောတော့ ဒယ်ဒီနဲ့ ကစားကွင်းသွားမလို့ဆို....အခု..."
"ထပြီ ပါပါး..."

စကားတောင်မဆုံးသေးဘူး ရေချိုးခန်ထဲပြေးသွားတာ တန်းနေတာပဲ....

"ပြီးရင် ဆင်းလာခဲ့ကြ..မြန်မြန်လုပ်နော်....အဟုပ်တို့ စောင့်နေရရင် မကောင်းဘူး.."
"အင်းပါ..."

ကျတော်သာ အောက်ကို ဆင်းလာတာ နာရီဝက်လောက်ရှိပြီ ဟိုသားအဖနှကောင် ခုထိကို ဆင်းမလာသေးတာ...
ဟော...ပြောရင်းဆိုရင်း..ဆင်းလာပါပြီ....

"အမယ်..လေး...
မသိရင် လူပျိုသားကျနေတာပဲနော် ..ဟွန်း...ဟွန်း.."
"သဝန်တိုနေတာလား.."
"တိုစရာလား မောင်က...ခလေးတယောက်တောင်ရနေပြီလေ..."
"ဟုတ်လို့လား..."
"ဘယ်မာလဲ သား..."
"အပေါ်မာ ..."
"သားသား လာပါပြီ..."

🍓🍓မတည့်အတူနေ🍓🍓 (Completed)Where stories live. Discover now