🍓🍓မတည့်အတူနေ🍓🍓
မနက်ကခေါ်သံကြားတယ် ...စနိုက်ကြော်မ အသံသိလို့ တမင်မထတာ....
ပြောသွားတဲ့အတိုင်းဆို တော်ကြာ လာအုံးမယ်ထင်တယ်...."မောင် ထတော့..."
"ခနလေးပါပဲ..."
"အ့မာ အိပ်..ကြိုက်သလောက်အိပ်..မထလေ ကောင်းလေပဲ...
သားသားထတော့..."လင်ကိုခေါ်နိုးမရလို့ သားကို တခါခေါ်နိုးပြန်တယ်...
"ပါပါးကလဲ သားသားထချင်သေးဘူး..."
အော် ကောင်းသားပဲ ..အိပ်ကြ မနိုးတော့ဘူး....
စိတ်ကောက်ကောက်နဲ့ အိပ်ယာမှ ထွက်သွားလိုက်သည်....
သို့သော် အိပ်ယာပေါ်သို့ပြန်လှဲကျ သွားသည်...."မောင် မင်ထတော့မယ်..လွှတ်..."
"ခနလေးပါလို့.."
"ဘာပြောနေလို့လဲ အိပ်လေ..."
"မင်က ဘယ်သွားမလို့လဲ.."
"အော် ...ဘယ်မသွားဘူး..မျက်နှာသစ်မလို့ ရှင်းပြီလား...
ကဲ လွှတ်လိုက်တော့..."မင် ..ထမည်အလုပ် joenမှ လက်ကိုဆွဲချကာ ရင်ခွင်ထဲထည့်ပြီး ဖက်အိပ်နေခြင်းဖြစ်သည်...ဖက်ထားတာလဲ တင်းကျပ်နေတာပဲ ဘယ်လိုမှရုန်းမရ သူ့ရင်ခွင်ထဲ အသာလေးငြိမ်ကာ နေပေးလိုက်သည်...
"ဟိုသားဖသုံးယောက်တော့ မထသေးဘူး သွားခေါ်နိုးလိုက်အုံးထယ်...."
"အချိန်တန်ရင် ထမာပေါ့..."
"သေချာ အချိန်ကြည့်ပြီးမှပြော.."
"စိတ်ကြီးပဲ..."ထယ်လဲ ပြောပြောဆိုဆို joenတို့ သားအဖသုံးယောက်ကို သွားခေါ်နိုးရသည်.....
အော် အိပ်တာမှ သိုးနေတာပဲ ...
အမယ် သူတို့နှယောက်ကတော့ ဖက်နေလိုက်တာများ ခွာမရမာတောင်စိုးတယ်...ဘေးက သားသားလေးက ဟိုးကုတင်ထောင့်စွန်းမာ တယောက်ထဲ ကွေးပြီး အိပ်နေတယ်..."ဟျောင့် ...ထတော့ ...ဟျောင့် jjk...Yarr......"
"ကျစ်...ဟာကွာ..နားညီးလိုက်တာ....."
"အ့ဆို ထတော့လေ သေမနေနဲ့....""ငါ့ကိုပါပြောတာလား..."
"မင် မပါပါဘူး...."
"ဟင်း...ဟင်း...'
"တကယ် သူ့ကိုပဲပြောတာ..."
"အင်းပါ..ထားလိုက်တော့...
မင်းလဲ ထတော့ joen အီလေးဆွဲမနေနဲ့...ကြားလား ပြောတာ.."
"ကြားပါတယ် မင်ကလဲ..."
"အေး ပြီးတာပဲ....
သားသား ထတော့ အချိန်တေလွန်နေပြီ....."
"ဟုတ် ပါပါး..."
"Joenငါနဲ့ သားလေး မျက်နှာသစ်ပြီး ပြန်လာလို့ မင်းမထသေးရင် သေပြီမှတ်..."
"အင်းပါ.."
YOU ARE READING
🍓🍓မတည့်အတူနေ🍓🍓 (Completed)
Fanfictionမြင်တာနဲ့ သတ်ပုတ်နေကြတဲ့နှစ်ဦး မိဘပေးစားသောအခါ