part13

1.3K 13 1
                                    

ဟင်....ငယ်!!

လှေကားမှာမျက်ရေတွေနဲ့မူးလဲနေတဲ့ငယ်
လှေကားကချိုးပြီးဆင်းရတဲ့နေရာမှာနေရာအကျယ်အပြန့်ရှိလို့မဟုတ်ရင်ဒီကလေးမပြုတ်ကြနေရောပေါ့

"သာထက်မင်းကိုခေါ်မြန်မြန်!!!"

"ဟုတ်..ဟုတ်ကဲ့သခင်လေး
ဆရာသာထက်ကိုဖုန်းဆက်"

-----

ဟွန့်....ဟွန့်...ဟွန့်

"ချစ်ကိုယ့်ကိုပြကြည့်...တောက်"

ချစ်စနိုးရဲ့ဖြူဖွေးနေတဲ့မျက်နှာတစ်ဖက်မှာ
လက်ဖဝါးရာကြီးမြင်လို့တောင်မကောင်းပါ

"အဲ့ခွေးမသားမာနလင်းထင်တော့
ချစ်ဘာမှမဖြစ်ဘူးနော်အိပ်လိုက်တော့"

သူ့ရဲ့ရင်ခွင်ထဲမှာအိပ်ပျော်သွားတဲ့ချစ်ကိုကြည့်ပြီး

"မာနလင်းထင်မင်းရဲ့အရမ်းချစ်ပါတယ်ဆိုတဲ့ကောင်မလေးကိုငါဘာမှလုပ်ဖို့စိတ်မကူးထားဘူး
ဒါပင်မဲ့မင်းကငါ့အပိုင်ကိုလာထိတော့မင်းရဲ့အပိုင်ထိရင်မင်းဘယ်လောက်တောင်စိတ်တိုနေမလဲငါ့ကြည့်ချင်သေးတယ်"

သူချစ်စနိုးကိုချစ်လားလို့မေးရင်သူ့မှာရေရေရာရာမဖြေနိုင်ပါဒါပင်မဲ့အတူအိပ်ခဲ့ကြတဲ့သူတွေဆိုတော့သူချစ်စနိုးအပေါ်သံယောဇဥ်တော့ရှိတယ်
ချစ်စနိုးအခုလိုဖြစ်နေတာသူဘယ်လိုမှကြည့်မရပါ

------

"သာထက်..ငယ်ဘာဖြစ်တာလဲ"

"ဘာမှစိုးရင်စရာမရှိပါဘူး
စိတ်ထိခိုက်လွန်သွားလို့ပါကွာ"

"အေးပါ"

"အဲ့ရုပ်ကြီးကဘာဖြစ်နေတာလဲ
အီးမှန်ထားတဲ့ရုပ်နဲ့"

"ဘာဖြစ်လဲကွာ"

"ဟျောင့်
ငါမင်းကိုပြောမယ်
ရွေးချယ်တစ်ခုကိုရွေးချယ်"

"ဘာကိုလဲ"

"အခုရွှေရုပ်ငယ်ခနခနမူးမူးလဲနေတယ်
မင်းဘက်ကမသေချာဘူးလေ
မင်းရဲ့အဖေသဘောတူထားတဲ့ချစ်စနိုးကိုမင်းကအိမ်ပေါ်ခေါ်တင်ထားတယ်
ငယ့်ကိုလဲမင်းအလွှတ်မပေးဘူး
ငယ့်ကိုယ်အလုပ်ဖြုတ်ရင်ဖြုတ်မဟုတ်ရင်
ချစ်စနိုးကိုအပြတ်ညင်း"

ကျွန်တော်ပိုင်သောအစေခံWhere stories live. Discover now