part14

2.6K 38 5
                                    

"ဘာပြောတယ်.....ရွှေရုပ်ငယ်ကိုမတွေ့ဘူး
ဟုတ်လား"

"ဟုတ်..ဟုတ်..ပါတယ်"

"ဘာ..ခုချက်ခြင်းရှာ
ဒီအိမ်မှာရှိသမျှလူအကုန်ငါအရှေ့ခေါ်လာခဲ့!!"

"မင်းတို့ကဘာလဲ
လူတစ်ယောက်လုံးပြောက်သွားတာတောင်မသိကြဘူးလားဟမ်...
နင်တို့ကကော်ဘာထူးလဲငယ့်ကိုပျောက်သွားတာတောင်နင်တို့မသိကြဘဘူးလား...."

"ဟို..ဟိုအဲ့တာကမိဝိုင်းတို့လဲစောင့်ကြည့်နေတာပါပဲ
ငယ်ဘယ်လိုထွက်သွားလဲဆိုတာမသိ..."

"ဒုန်း...."

"အမလေး!!"

စိတ်တိုစွာခုံကိုလက်နဲ့ထုပြီးပြောနေတဲ့
မာနတစ်ယောက်ကြောင့်
အိမ်ရှိလူတိုင်းအားလုံးကြောက်နေရတာအမှန်ပင်

"တော်ပါတော့မာန
မင်းအခုလိုလုပ်မဲ့အစားငယ့်ကိုသွာစရှာပါ့လား"

ကြားထဲကမနေနိုင်တဲ့သူရထက်နိုင်ကဝင်ပြောရတော့တာပေါ့

"ဟုတ်တယ်.."

"ဘာဟုတ်တယ်လဲ
မေမိမိနင်ငယ့်ကိုထွက်ပြေးဖို့ကူညီပေးလိုက်တာလား!!"

"နင်ဘာပြောတယ်
ငါကငယ့်ကိုဘာလို့ကူညီပေးရမှာလဲ
နင်ငါ့ကိုလာမစော်ကားနဲ့
ပြင်ဦးလွင်တူတူခေါ်သွားမယ်ဆိုတာကလဲနင်ကိုစိတ်တိုလို့ပြောတာ"

"မဟုတ်ပါဘူးကွာမာန
မေကငါနဲ့အတူတူညကရှိနေတာပါ"

"သာထက်မင်း
မင်းပြောတာမှန်တယ်ထား
ဒါဆိုသော်သာအိမ့်လား"

"မဟုတ်ရပါဘူး...သခင်လေးရယ်အိမ့်ကည
အကိုထက်ပိုင်ခန့်နဲ့အတူအလုပ်မှာရှိနေတာပါ"

"နေစမ်းပါအုံးမင်းကအလုပ်မှာဘာလုပ်နေတာလဲ"

"မနေ့ကထက်ပိုင်ကအလုပ်များများနဲ့ည8ညီလောက်မှာအိမ်ပြန်လာတာလေ
သူကအိမ့်ကိုတွေ့တော့ဟိုမှာလုပ်စရာရှိသေးတယ်လိုက်ခဲ့ပေးပါ့လားလို့ပြောလို့အိမ့်ကလိုက်သွားတာ"

"တော်ပြီ..တော်ပြီမင်းအခုစစ်မေးနေတာဘာမှမထူးဘူး
ငယ့်ကဘယ်ကိုရောက်မှာလဲ
မင်းလဲသွားရှာ
ထက်ပိုင်ခန့်လဲရှာနေတာပဲ
ငါရယ်သာထက်ရယ်လဲသွားရှာမယ်"

ကျွန်တော်ပိုင်သောအစေခံWhere stories live. Discover now