PART-3

505 71 7
                                    

"ကို ဒီအတိုင်းသာဆိုရင်သူကလွယ်လွယ်နဲ့လက်လျှော့မဲ့ပုံမပေါ်ဘူးပေါ့ ဘာလဲချစ်တို့ကဒီတိုင်းနဲ့ပဲပီးသွားရတော့မှာလား"
"ကိုလဲ ​တက်နိုင်သလောက်တော့သူနဲ့ညှိနေတာပါပဲ"
"ဆင်ခြေတွေမပေးနဲ့နော်ကို"
"အစကတည်းကမင်းသာငါ့ဘေးနားရှိနေပြီး ကိုလက်ထပ်ဖို့ပြောတုန်းကသဘောတူခဲ့ရင်"
"ဘာလဲချစ်အပြစ်လား ချစ်မှာလဲ ရည်မှန်းချက်ဆိုတာရှိသေးတယ်လေ"
".........."
"ကိုယ်ပြန်တော့မယ် "
"ချစ်သိပ်ပြီးစိတ်မရှည်ဘူး ကိုမလုပ်နိုင်ရင်ချစ်ဆက်လုပ်မယ်"
"ကိုယ့်ကိစ္စကိုနိုင်ပါတယ်"
"ပြီးဒါပဲလေ"

"မင်းတို့သခင်လေးဘယ်သွားတာလဲ လေးရက်တောင်ရှိနေပြီအိမ်မှာမနေတာ"
"ဟို သခင်လေးက ကြော်ငြာရိုက်ဖို့ခရီးထွက်သွားပါတယ်"
"အင်း"
"အကိုလေးကိုပြောမသွားဘူးလားဟင်"
"အင်းသူပြောဖို့မေ့ခဲ့တယ်ထင်ပါရဲ့"
"ဟုတ်ကဲ့ ဟိုမော်လ်ဒယ်မမနဲ့သွားတာအကိုလေးသိမယ်ထင်နေတာ"
"သူနဲ့အတူသွားတာလား"
"ရိုနန်ကိုယ့်အလုပ်ကိုယ်လုပ်လေ ဘာလို့အကိုလေးနားစကားများနေတာလဲ"
"ဟုတ် ဟုတ်ကဲ့တီလေး"
"အကိုလေး ဘာလိုအပ်သေးလဲတီလေးပြင်ပေးမယ်လ"
"နေပါစေတော့ ကျွန်တော်အပြင်သွားစရာရှိတယ်"
"ကြာမှာလားဟင် ဟို ဟို တီလေးက အကိုလေးကိုစောင့်ရှောက်ဖို့တာဝန်ရှိလို့ပါ "
"မကြာဘူးသူငယ်ချင်းတစ်ယောက်ကိုလေဆိပ်သွားကြိုပေးရုံပဲ"
"ဟုတ်ကဲ့"

"မိုက်လိုက်တာ Kimအိမ်ရဲ့အငယ်ဆုံးသားလေးရယ် ဘာလို့များ ကိုယ့်ကိုဆက်သွယ်ပြီးဖွင့်မပြောခဲ့တာလဲ အန်ကယ်တို့အန်တီနောက်ပြီး ထယ်တို့သိရင်ရောခွင့်လွှတ်ပေးမယ်ထင်လား"
"အဲ့ဒါကြောင့် ကိုကိုRMကို ဂျင်ကမပြောဖို့နှုတ်ပိတ်နေတာပေါ့"
"ပြောအဲ့ကောင်နဲ့အခုအဆင်ပြေရဲ့လား"
"ဘယ်ပြေမလဲနောက်ပြီးသူကဂျင့်ကို ခုဏပြောခဲ့သလိုလမ်းဘေးကကောင်လို့ပဲထင်ပြီး သူ့အိမ်မက်ကိုဖျက်စီးတဲ့သူထင်နေပါတယ်ဆိုမှ"
"အနိုင်ကျင့်တယ်ပေါ့"
"မကျင့်ပါဘူး ဂျင့်ကိုအနိုင်ကျင့်လဲဂျင်ကငြိမ်ခံနေမှာမှမဟုတ်တာ"
"ဆိုးလိုက်တာကွာ"
"ကိုကိုကလဲ"
"ဟင်းးးဖြစ်ပြီးမှတော့ထားပါတော့ ထယ့်အစားခင်များကိုစောင့်ရှောက်နေတာနဲ့ကျုပ်ကကြင်ဖက်ရှာချိန်မရတော့ဘူး"
"အသက်လေးငယ်ငယ်လေးနဲ့ကြင်ဖက်ရှာမယ်မပြောပါနဲ့"
"အရူးလေးခင်များကြတော့လင်ကောက်ယူပြီးတော့"
"မထင်မှတ်ပဲဖစ်သွားတာပါဆို"
"ထယ်လိုက်လာရင်ဘယ်လိုလုပ်မလဲ"
"အဲ့ကြတော့လဲတစ်မျိုးစဥ်းစားကြတာပေါ့"
"အင်းပါ သူနဲ့လဲအဆင်ပြတာမဟုတ်ပဲ ဂျင်ငယ်ကမနေချင်တော့ရင်ကိုကိုတို့နယ်သာလန်ကိုပြန်ကြမယ်နော်"
"အင်းပါဂျင်သိပါတယ်ဂျင်လဲတွေးထားပြီးသားပါ"
"အင်း"
"ကိူကိုနားတော့လေနော် ဂျင်လဲပြန်တော့မယ် ဂျင်စီစဥ်ပေးထားတဲ့အိမ်အဆင်မပြေရင်ပြော ဂျင်ကသိပ်ပြီးမစဥ်းစားတက်တော့လို့"
"ဟုတ်ပါပြီ ဒီကသခင်လေးဒီလောက်လုပ်ပေးနေတာကိုပင်ပန်းနေပါပြီကျေးဇူးတင်ပါတယ်ဗျာ"
"ဟီး ဟီး ဂျင်ပြန်တော့မယ်နော်"
"ဂရုစိုက်ပြန် ကိုယ်ပြန်ပို့ပေးရမလား"
"မဟုတ်တာ ခရီးပန်းနေရောပါနားပါ ဂျင့်ဘာသာပြန်ပါ့မယ်"
"အင်းပါ"

စွာတေးလေးမောင့်ချစ်သူWhere stories live. Discover now