Part11

460 63 24
                                    

"ညီငယ်"
"ဗျာ"
"ဘာတွေတွေးနေတာလဲ ကိုကို့ ကိုပြောပြချင်လား"
"ဟင့် အင် ဂျင်မတွေးပါဘူး"
"JEON GPက ကောင်ကဘာလို့ ညီငယ့်အပေါ်စိုးမိုးသလိုဖြစ်နေရတာလဲ"
"အာ ကိုကိုကလဲ သူက...သူကဂျင်နဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဆိုတော့ အခုလိုဖြစ်နေတာပါ ကိုကိုစိတ်မပူပါနဲ့"
"သူငယ်ချင်းလား"
"ဟုတ် ဟုတ်ပါတယ်"
"အင်းပါ ရန်ဖြစ်ထားလို့လား သူငယ်ချင်း ချင်း စကားပြောတာ တစ်မျိုးပဲနော်"
"ဟုတ်တယ် ဟုတယ် သူနဲ့နည်းနည်းစိတ်ဆိုးနေလို့"
"ဒီနေ့ကိုကိုနဲ့အတူအိပ်လိုက် မပြန်နဲ့တော့"
"မရ မရဘူးကိုကို သားပြန်မှရမယ် "
"ဘာကြောင့်လဲ"
"သား.... သား "
"ထယ် ငါနဲ့လိုက်ခဲ့အုံး မိတ်ဆက်ပေးစရာရှိလို့ ဂျင်ငယ်ပြန်တော့လေနောက်ကျနေမယ် ထယ်က ငါနဲ့လိုက်ခဲ့အုံး အရေးကြီးလို့"
"ငါညီငယ်နဲ့စကား"
"မနက်မှပြောပါကွာ ကလေးကအိပ်ငိုက်တော့မှာ သွားသွား ဂျင်ငယ်ကျန်းမာရေးထိခိုက်မယ်ပြန်အိပ်တော့"
"ဟုတ်ကဲ့ကိုကို သားသွားပြီနော်ကိုကိုတို့"
"မဟုတ်သေးပါဘူးRMရာ ကျစ်"
"ကလေးကို စိတ်ညစ်အောင်မလုပ်ပါနဲ့ကွာ"
"ဟ ငါဘယ်မှာလုပ်နေလို့လဲ ဟိုကောင့်ကို"
"ဟိုကောင်ကလဲ မင်းယောက်ဖဟ"
"Fuck"
"လူဆိုးလေးအကိုမှန်းသိသာချက်"
"RM!"
"စတာပါကွာ ကိုယ်နဲ့ဧည့်ခံသွားမယ်လာ စိတ်မဆိုးနဲ့တော့"

ကျွီ........ချပ်
"ပြန်လာရဲသေးတယ်နော်"
" ဒါပေါ့ ငါ့လင်အိမ်ငါပြန်လာတာ ပြန်မလာရဲစရာသောက်ကြောင်းမရှိဘူး မင်းမအိပ်သေးပဲဒါပြောဖို့စောင့်နေတာလား"
"အဲ့ကောင်ကရောဘယ်လိုဖြစ်ပြီး မင်းရဲ့ကိုကိုဖြစ်​နေပြန်တာလဲ"
"ငါ့ကိစ္စပါ"
"ဟက် အချိန်တန်တော့လဲ အဆင့်အတန်းနဲ့မနေဘူးတဲ့မင်းက စရိုက်ဆန်ပြတာမဆန်းပါဘူးလေ"
"မင်းဘာစကားပြောတာလဲ"
" ​ကြားတဲ့အတိုင်းပဲ​လေမင်းအဲ့လိုလူတကာ ကိုကိုခေါ်နေမှာဆို ငါ့ကိုအရင်ကွာရှင်းပေး မင်းရှိနေတာကငါ့အတွက်သွားလေရာမှာရှိနေတဲ့ဆူးငြှောင့်ခလုတ်အတိုင်းပဲ မီးတောက်မီးလျှံကြီးရင်ဝယ်ပိုက်ထားရတဲ့အတိုင်းပူလောင်ပြီး ကျက်သရေမရှိဘူး"
"..........."
"လူတကာကိုကိုခေါ်နေတဲ့မင်းနဲ့ ငါ့သိက္ခာလဲကျတယ် ငါ့စိတ်တွေလဲညစ်ရတယ် ဘာလို့အဲ့လောက်ထိငါ့စိတ်ကိုဒုက္ခလိုက်ပေးနေရတာလဲဟမ် ငါမင်းအပေါ်အမှားတွေကြူးလွန်ဖူးလို့လား"
"ငါနဲ့နေရတာ အဲ့လောက်ထိလားJeon ငါ့ကိုအဲ့လောက်ထိစိတ်ပျက်တာလား"
"..............."
"အင်းပါ ဒီမေးခွန်းကို နောက်တစ်ကြိမ်ထပ်မေးရင်သေချာဖြေပေးပါ အဲ့ကျရင်ငါလဲ ပြတ်သားပါ့မယ် အခုတော့ ငါခဏနားပါရစေ ငါဟိုဘက်အခန်းမှာအိပ်လိုက်မယ် Good night Jeon"
ရက်စက်လိုက်တာ ပြောရက်လိုက်တာမောင်ရယ် ဟုတ်တယ်*မောင်*ငါ့ရင်ထဲနှလုံးသားထဲက အလိုလိုသတ်မှတ်ပေးလာတဲ့ Jeonရဲ့nicknameလေးကမောင်တဲ့လေ ငါ့မှာတော့ မင်းကို မချစ်မိအောင်နေရင်းချစ်မိလာတယ် မစွဲလန်းမိအောင်နေရင်းအရူးရင့်အောင်စွဲလန်းမိလာတယ် ရန်ဖြစ်စကားများတိုင်း​မောင့်ကိုနာကျင်အောင်ပြောတက်ပေမဲ့စိတ်ထဲမပါဘူးဆိုတာမောင်သိရင်ကောင်းမှာပဲ စိတ်ဆိုးတိုင်း ပါးစပ်ကပြောချင်ရာပြောတက်ပေမဲ့မောင့်ပေါ်တော့အသည်းနင့်အောင်ချစ်မိနေတယ်ဆိုတာယုံပါမောင်ရာ ဂျင်လဲမောင်​ပြောသလိုတွေပြောချင်တာပေါ့ဟိုလူနဲ့မတွဲနဲ့ဟိုလူနဲ့မပြောနဲ့ဆိုပြီး မောင့်ကိုလဲ ငါ့ရဲ့တစ်ဦးဆိုင်နာမ်လေးအဖြစ်ထားချင်မိတယ်ဆိုရင်ရောလောဘကြီးရာကျသွားမလားပဲ ငါမောင့်ကိုချစ်နေတာတော့ထုတ်ပြောမှာမဟုတ်ဘူး ဘာလို့ဆို စချစ်တဲ့သူကသိမ်ငယ်ရတယ်မောင့်ရဲ့ ဘဝမှာမလုပ်သင့်တဲ့အရာနှစ်ခုထဲကတစ်ခုကိုတော့ငါလုပ်ခဲ့မိပြီ အတွေးလွန်ခြင်းနဲ့အချစ်လွန်ခြင်းမှာ ငါတော့မောင့်အပေါ်အချစ်လွန်ခဲ့မိပြီ မောင်ဘာပြောပြောဝမ်းနည်ရုံမှအပ စိတ်မနာနိုင်တဲ့ငါ့ကိုငါလဲအံသြမိပါရဲ့ သူစိမ်းကြောင့်မျက်ရည်ကျတာငါ့အတွက်ပထမဦးဆုံးပဲ အဲ့သူစိမ်းလူကလဲ *ငါ့ရဲ့မောင်တဲ့လေ*ဟက်

စွာတေးလေးမောင့်ချစ်သူWhere stories live. Discover now