PART-6

618 74 13
                                    

"ညီ နေကောင်းရဲ့လား ကိုကိုလဲနောက်လလောက်လာမလို့"
"ဗျာ..!ကိုကိုလာမယ်ဟုတ်လား"
"အလန့်တကြားနဲ့ဘာဖြစ်တာလဲညီငယ်ရာ ဘာလဲမဟုတ်တာတွေလုပ်ထားလို့ကိုကိုလာမှာကြောက်နေတာလား"
"အာ မဟုတ်တာ ကိုကိုရာ ညီကဝမ်းသာသွားလို့ပါ"
"အင်းပြောတာပဲဘယ်လိုလဲ RMအပေါ်မှာရောအရမ်းဆိုးနေလား"
"သား မဆိုးပါဘူးနော်"
"အေး အဲလိုသားလို့ပြောကတည်းကငယ် မူမမှန်တော့ဘူး "
"မဟုတ်တာ သားက ကိုကိုတို့ကိုအဲ့လိုမ​ပြောရတာကြာလို့ပါ"
"အင်း ကိုကိုပြောပြီးသားနော် ညီငယ်က ကိုကိုတို့မကြိုက်တာတွေလုပ်တာနဲ့ချက်ချင်းပြန်ခေါ်ပြီးကိုကိုအိမ်မှာပဲ အခန်းအောင်းခိုင်းတော့မှာ ဒါကိုကိုအတည်ပြောတာ ဆိုးသင့်သလောက်တော့ဆိုး ကိုကိုရှေ့က ကာပေးမယ် ဆိုးသင့်တာထက်ပိုပြီး ကိုကိုတို့မကြိုက်တာတွေလုပ်မိရင်တော့ကိုကို ငယ့်ကိုအလိုမလိုက်တော့ဘူးနော်"
"........."
"ကြားလား ညီငယ်"
"ဟု ဟုတ်"
"ဒါနဲ့ အခန်းကအရင်ကအခန်းမဟုတ်တော့ဘူးလား အိမ်ပြောင်းထားတာလား"
"ဟု ဟုတ်တယ် သားသူငယ်ချင်းနဲ့အတူနေ နေတာ"
"ဘာလို့ကိုကိုမသိရတာလဲ "
"......."
"ကိုကိုပိုင်တဲ့အခန်းတွေမှာမနေချင်လို့လား"
"မဟုတ်ပါဘူး နှစ်ယောက်ဆိုတော့ ဂျင်ပိုအဆင်ပြေလို့ပါ"
"အင်းပါ နေရထိုင်ရခက်ခဲရင်ပြော ကိုကိုထပ်ဝယ်ပေးမယ် ညီငယ်ကြိုက်တဲ့အမျိုးအစားတွေကို"
"ဟုတ်ကဲ့"
"အင်းအိပ်တော့ အချိန်လင့်နေပြီမလား"
"ဟုတ်ကဲ့ ဒယ်ဒီနဲ့မာမီကို သတိရတယ်ပြောပေးအုံးနော် မနေ့ကတော့VCပြောထားပါတယ် ဒီနေ့ကိုကိုကဆူသလိုပြောတော့ပိုသတိရတယ်လို့"
"အဆိုးလေး ကိုကိုကမဆူပါဘူး နားလည်သင့်တာတွေပြောပြတာပါ"
"ဟုတ်"
"အင်းဒါပဲနော်ညီ"
"ဟုတ်ကဲ့"
ကျွီ ချပ်
"ဘာလဲ ကိုကိုဆိုတဲ့သန့်ရှင်းရေးကောင်နဲ့ဖုန်းပြောနေတာလား မခွဲနိုင်မခွာနိုင်ပဲနော် ဖုန်းတွေတောင်ဆက်လို့ "
"ဒါပေါ့ လွမ်းလို့လေ မျက်နာမမြင်ရမနေနိုင်လို့VC chatနေတာ"
"ဆောက်ရူး"
"မင်းယောကျာ်းပဲဟာ"
"ကျစ် ထားတော့အခုဒါကဘယ်တုန်း မအိပ်သေးဘူးလားကိုးနာရီကျော်နေပြီ"
"အပြင်သွားမလို့"
"ဘယ်သွားမှာလဲ"
"......."
"ဘယ်လဲလို့မေးနေတယ်လေ"
"xီး ငါကမင်းကိုပြောပြရအုံးမှာလား xီးလိုပဲ မပြောဘူးကွာ မပြောဘူး Barသွားမလို့"
"မသွားရဘူး လူအိပ်ချိန်ရောက်နေပြီ"
"ဂျောင်ကု မရစ်စမ်းနဲ့ကွာ ငါစိတ်ညစ်စရာရှိတယ်"
"ဘာစိတ်ညစ်တာလဲငါ့ကိုပြော ငါဖြေရှင်းပေးမယ်"
"မလိုဘူး"
"မလိုရင်မသွားနဲ့"
"xီးလိုပဲ အာရုံကိုနောက်တယ်ကွာ အပြင်လေးတစ်ခါထွက်ရဖို့အရေးအဆင့်ဆင့်စာတင်နေရသလိုပဲ"
"အစကတည်းက လွတ်လပ်ချင်ရင် ငါ့ကိုရအောင်အပိုင်မကြံပဲနေခဲ့ရမှာလေ အခုတော့ ငါ့ကို ရအောင်ယူပြီးမှာတော့ခံပေါ့ ငါကမင်းကိုဒီထက်နှိပ်စက်အုံးမှာ"
"Fuck မင်းကမင်းကိုမင်းအထင်သိပ်ကြီးတာပဲ ငါကလားမင်းကိုအပိုင်ကြံရအောင် "
"............"
"ဖယ်ကွာ ငါသွားတော့မယ်"
"ငါမနက်ဖြန် ဘယ်လ်ဂျီယန်ကိုသွားမှာ "
"........."
"Woojiနဲ့ခရီးထွက်မှာ"
"သွားးး သွားလေ ဘာလို့ငါ့ကိူပြောနေတာလဲ"
"တစ်လလောက်ကြာမှာ ငါတို့လက်ထပ်ဖို့ပါစီစဥ်မလို့"
"ငါနဲ့မကွာပဲ မင်းသူ့ကိုယူရဲလား"
"ငါ့ကိုစိန်ခေါ်တာလားဆော့ဂျင်"
"ယူရဲရင်ယူကြည့် မင်းကငါ့ကိုဘာမှမလုပ်နိုင်ဘူး မင်းတို့မင်္ဂလာပွဲကိုဖျက်ဖို့အင်အားမတက်နိုင်ဘူးထင်နေတာလား မင်းသတ္တိရှိရင်လုပ်ကြည့်လိုက်လေ"
"မင်းကဘယ်လို​ကောင်​လဲဆော့ဂျင် ကျစ်"
"အမှန်တရားကိုကျောခိုင်းပြီးနေတက်တဲ့ကောင်မဟုတ်လို့လူမုန်းများတဲ့ကောင်ပဲ"
"ငါတို့နှစ်ယောက်ကဒီထက်ရှေ့ဆက်လ်ု့မှမရနိုင်တာ"
"အဲ့ဒါမင်းတစ်ဖက်သတ်အတွေးလေ ရှေ့ဆက်လို့ရမရငါဆုံးဖြတ်မယ် ငါကတော့လုံးဝကွာရှင်းပေးမှာမဟုတ်သလို မင်းနဲ့သူနဲ့ပျော်ရွှင်မှာကိုလဲလက်မခံဘူး ဘယ်လိုပြောရမလဲ ဗီလိန်ဖြစ်လဲဖစ်ပါစေ အဓိက ကမင်းနဲ့အဲ့ကောင်မ မပေါင်းရရင်ကိုရနေပြီ"
"မင်း!!"
"မင်းမျက်စိဆေးခန်းပြသင့်တယ် အပေါ်ယံနဲ့အနှစ်သာရ ကိုမြင်တက်အောင်"
"မုန်း......"
"မုန်းလိုက်တာလို့ပြောမလို့လားမုန်းပေါ့ ငါကလဲ ချစ်မနေပါဘူး နည်းနည်းလေးမင်းကိုကြိုက်ရုံပါ"
"............."
"ဆိုတော့ ငါပြောချင်တာက ဘယ်လ်ဂျီယန်သွားမဲ့ကိစ္စဖြတ်လိုက်တော့ သွားချင်သွား အိမ်နီးချင်ဖြစ်တဲ့နယ်သာလန်ငါနဲ့သွားမယ်"
"မင်းကငါ့ကိုတားနိုင်တယ်ထင်တယ်ပေါ့"
"ငါမလုပ်ရဲတာမှမရှိတာ မင်းသွားချင်သွား မင်းကောင်မကိုရောမင်းကိုပါဆောက်ရှက်ခွဲမှာ လင်ကြီးငုတ်တုတ်အိမ်ထားပြီး နောက်မှာဖောက်ပြန်နေတယ်ဆိုပြီး သတင်းအသစ်လေးတင်ပေးရမှာပေါ့ ငါလဲအပျင်းပြေတာပေါ့ ဟုတ်တယ်မလားကိုမင်းသား ဟက် ကြော်ငြာရိုက်တာထက်တောင်ကမ္ဘာကျော်သွားနိုင်တယ်နော် စမ်းကြည့်မလား ဟမ်"
"​တောက်စ် မင်းကွာ!!"
"ငါမင်းနဲ့စကားပြောရတာ ​ေမာလာပြီအိပ်တာပဲကောင်းတယ်"
"ဒီနေ့တခြားအခန်းမှာသွားအိပ်"
"ရတယ်ဗျာ အေးဆေးပဲ "
"အရူး"
"မင်းလင်လေဂျောင်ကုရ"
"ဆောက်ပါးစပ်ကိုပိတ်ပြီးငါ့အခန်းထဲက အမြန်ထွက်သွား နောက်ပြီးငါ့ကိုစိန်မခေါ်နဲ့ ငါမနက်ဖြန်ရWoojiနဲ့အတူ ဘယ်လ်ဂျီယန်ကိုသွားမှာ မင်းလုပ်ချင်တာလုပ်ဆော့ဂျင် ငါမင်းခံစားချက်ကိုထည့်တွက်ရအောင်လောက်ထိ ငါ့ရင်ဘက်ထဲမှာမင်းအတွက်နေရာရှိမနေဘူး""
"မင်းကြိုက်တာလုပ်လို့ငါပြောပြီးပြီပဲ မင်းသဘောပါမောင်ရာ "
"ဘာ!! နေအုံး ဆော့ဂျင် တောက်စ် ငါ့ကိုအဲ့လိုပြောရုံနဲ့ရလို့လား ဟာကွာ!!!"
ကျွီ ချပ် ဗုန်း.....

စွာတေးလေးမောင့်ချစ်သူWhere stories live. Discover now