ဗီလိန်ဝမ်ရဲ့ချစ်ခင်ပွန်း(part-5)

2.5K 122 9
                                    

Unicode
*************

ရှောင်ကျန် ကုန်တိုက်ကိုသွားနေတဲ့ လမ်းမှာ သီးချင်း​လေးငြီးရင်း ခုန်စွခုန်စွနဲ့သွားနေလိုက်တယ်။
သူ့ကိုလှည့်ကြည့်နေတဲ့ သူတွေကိုလည်း
ဂရုစိုက်မ​နေ​တော့ပဲ သူဆုံးဖြတ်တား​ပြီးထည်းက သူပျော်သလိုသာ နေတော့မှာ။

ရှောင်ကျန် ပတ်ဝန်းကျင်ကို လျှစ်လျှူရှုလိုက်ပြီး
သီးချင်းလေးငြီးရင်းသာ ကုန်တိုက်ကိုသာထွက်လာခဲ့တော့သည်။

ယုန်လေးတစ်ကောင်လို ခုန်စွခုန်စွသွားနေတဲ့
ရှောင်ကျန်ကို ကြည့်ပြီး ယုန်လေးတစ်ကောင်လိုအရမ်းချစ်ဖို့ကောင်းလွန်းလို့ ပြန်ပြန်လှည့်ကြည့်နေကြသည်။

"ဟယ်...အရမ်းချစ်ဖို့ကောင်းတာပဲ မျက်လုံးဝိုင်းကြီးတွေနဲ့ အားးးးး"

"ဟုတ်ပါ့..uke တိုက်လေးဟယ်...အံမယ်လေးယုန်​လေး​ကြ​နေတာပဲ အူယားလိုက်တာ"

ယုန်လေးထွက်သွားတဲ့ဘက်ကို လိုက်ကြည့်ပြီး
ေကာင်မလေးနှစ်ယောက် တိုး"နဲ့အူယား​နေကြသည်။

***************
ရှောင်ကျန် ကုန်တိုက်ကိုရောက်တော့ ဆံပင်ညှပ်ဆိုင် ကိုအရင်သွားလိုက်ပြီး ရှည်နေတဲ့ဆံပင်တွေကိုညှပ်ခိုင်းလိုက်တယ်။ ပြီးမှဆံပင်ကာလာချိန်းလိုက်သည်။ တစ်ခေါင်းလုံးအဖြူရောင် ဆိုးပြီးချိန်၌ ယုန်ဖြူလေးဖြစ်သွားတော့သည်။

ရှောင်ကျန်လည်းဆံပင်လုပ်ပြီး လိုအပ်တာတွေလိုက်ဝယ်နေလိုက်တယ်။
ကုန်တိုက်တစ်ခုလုံး ပတ်ပြီးသွားချိန်မှတော့ သူလက်နှစ်ဖက်လုံးမှာ အထုတ်ပေါင်းများစွာနဲ့

"ဟူးးမောလိုက်တာ "

"ဒီလိုမှန်းသိရင် ကြီးမေထည့်ပေးတဲ့ driverခေါ်လာပါတယ်"

ရှောင်ကျန်လည်း ငြီးထွားရင် အထုတ်ပေါင်းများစွာ ဆွဲပြီးလှုပ်စိလှုပ်စိနဲ့ ထွက်လာခဲ့လိုက်သည်။

ကုန်တိုက်ထည်းက လူတွေကတော့ အထုတ်တွေပိနေပြီး လှုပ်စိလှုပ်စိထွက်သွားတဲ့ယုန်လေးကို ကြည့်ပြီး အသည်းတွေယားနေကြတယ်။

**************
ရိပေါ် ဟန်စီလိုခြင်တာတွေကို ဝယ်ပေးဖို့ သူပိုင်တဲ့ကုန်တိုက်ကိုပဲ ထွက်လာခဲ့လိုက်သည်။

ဗီလိန်ဝမ်ရဲ့ချစ်ခင်ပွန်းWhere stories live. Discover now