Unicode
*********"ရှောင်ကျန့်!"
"......"
တရှူးတရှူးတရှဲတရှဲနဲ့ဒေါသထွက်နေတဲ့
ကျန်းဟန်စီကို တစ်ချက်သာ စိုက်ကြည့်ပေးလိုက်ကာ လှေကားပေါ်ကနေ အေးဆေးလေးဆင်းလာလိုက်ပြီး သူ့ရှေ့မှာရပ်လိုက်သည်။"နင်ဒီကိုဘာလာလုပ်တာလဲ အခုချက်ခြင်းဒီစံအိမ်တော်က ထွက်သွားစမ်း!"
"နင်အမိန်ပေးတိုင်းနားတောင်ရအောင် နင်ကဘာမို့လို့လည်း"
"ဟက်! ငါကရိပေါ်ရဲ့သတိုသမီးလောင်း မကြာခင်မှာဒီစံအိမ်တော်ရဲ့သခင်မ ဖြစ်လာတော့မဲ့သူ"
နင်လိုအပျတ်ကောင်က ငါနဲ့လာမယှဉ်နဲဲ့
ရှောင်ကျန့် နင်ကိုဒီစံအိမ်တော်က ငါကိုယ်တိုင် ဆွဲထုတ်ပြမယ် နင်စောင့်ကြည့်နေ။ရှောင်ကျန့်သူကိုအထင်သေးတဲ့အကြည့်နဲ့ကြည့်နေတဲ့ ကျန်းဟန်စီကို ဘာမှမပြောသေးပဲ ဘေးနားက ကောင်မလေးကိုလှည့်မေးလိုက်သည်။
"သူပြောတာ အမှန်ပဲလား"
"မ..မဟုတ်ရပါဘူးသခင်လေး! သူလျောက်ပြောနေတာပါ ဒီစံအိမ်တော်ရဲ့ သခင်က သခင်ကြီးပြီးရင် သခင်လေးရှောင်ကျန့်ပါလို့ သခင်ကြီးကိုယ်တိုင်ပြောသွားတာပါ"
"ဟက်! ကြားတယ်နော်"
"နင်!....နင်မဟုတ်တာလျောက်မပြောနဲ့! ဒီစံအိမ်တော်ရဲ့သခင်မနေရာကငါ့အတွက်ပဲလို့ ရိပေါ်ကိုယ်တိုင်ပြောပြီးသား!"
ပြောသာပြောရတာ သူ့စိတ်ထည်းတုန်လှုပ်နေမိတယ်၊ ရိပေါ်ကိုယ်တိုင်က စံအိမ်တော်ရဲ့ သခင်နေရာကို ပေးတားတယ်ဆိုတာမဖြစ်နိုင်ဘူး သူကိုတောင်မပေးတားတာ ဘာမဟုတ်တဲ့ကောင်ကို စံအိမ်တော်သခင်နေရာ ပေးမယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ သူတို့ပေါင်းလိမ်နေတာပဲနေမှာ ဟုတ်တယ် သူတို့လိမ်နေကြတာ ရိပေါ်ကငါကိုပဲချစ်တာ၊ ရိပေါ်ကိုပြောပြီး သူတို့ကိုနှင်ထုတ်ခိုင်းရမယ်။
ရှောင်ကျန့် သူ့ရှေ့မှာ မျက်လုံးတွေဂနာမငြိမ်ပဲ တုန်လှုပ်နေတဲ့ ကျန်းဟန်စီကို လက်ပိုက်ပြီး မတ်တပ်ရပ်ကြည့် အကျေနပ်ကြီးကျေနပ်နေမိတယ်။
YOU ARE READING
ဗီလိန်ဝမ်ရဲ့ချစ်ခင်ပွန်း
عاطفية18+မကြိုက်ရင်မဖတ်ဖို့တောင်းဆိုပါတယ် အသုံးနှုန်းကြမ်းတွေ အမှောင်စာသား လူသတ်ခန်းတွေပါမှာမလို့ သတ်ိပေးတားပါတယ် yizhan✅ ___________________________________________ {wangYibo} ဝင်လာပါလို့မတောင်းဆိုခဲ့သလို ပြန်ထွက်သွားဖို့လည်းမစဉ်းစားနဲ့ရှောင်း ကိုယ့်စီက...