(3)

3.7K 272 50
                                    

(Uni)

နတ်ဆိုးရဲ့ ဓါတ်စွမ်းအင်ကို စတင်စုံစမ်းဖို့ရာအတွက် Water Godနဲ့ Wood Godတို့ Saju ကနေ ထွက်ခွာလာခဲ့ကြလေသည်။

သွားကြတာ အချိန်ဘယ်လောက်မှ မရှိသေးသော်ငြား Universe တွင် နောက်ကလိုက်သွားမယ် တကဲကဲလုပ်နေသူက Fire God ။

Fire Godကို ဂွကျကျ ထိန်းနေရသည်က Metal God။

ထိန်းထားမှ တော်ကာကျမည်။

မီးနတ်ဘုရားသာ လွှတ်လိုက်ပါက တစ်ခါတည်း စစ်ခင်းဖို့အရေးသာရှိလိမ့်မည်။

သူ့ရှေ့မှာ မျက်မှောင်ကြီး ကြုတ်ပြီး ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည့် မီးနတ်ဘုရားကိုကြည့်ပြီး Min Yoongi ခေါင်းတွေပါနောက်လာရသည်။

"ငြိမ်ငြိမ်ထိုင်နေပါ Fire Godရယ် ငါ့ မျက်စိတွေလည်းနောက်လာပြီ"

"မျက်စိနောက်မခံနိုင်ရင် လိုက်သွားကြမယ်လေ"

"ဒီကိစ္စက မင်းနဲ့ငါ ဝင်ပါစရာကို မလိုသေးတာ သူတို့နှစ်ယောက် ဖြေရှင်းနိုင်မှာပါ"

"Metal Godကိုလည်း တကယ်အံ့ဩတယ် ကိုယ့်ချစ်သူ တစ်ယောက်လုံးသွားတာကို ဘယ်လိုမှမနေဘူးလား"

"ဟမ် ငါက ဘယ်လိုနေရမှာတုန်း"

"အေးအေးဆေးဆေးတောင် အခါးရည်သောက်နေနိုင်လို့လေ စိတ်မပူဘူးလား"

"အဟား.. Jung Kook.. Jung Kook.. မင်းရိုးရဲ့လားကွ"

"ဘာကိုလဲ"

"ငါတောင် ငါ့ချစ်သူကို စိတ်မပူတာ.. မင်းက ငါ့ချစ်သူကို စိတ်ပူနေတာလား"

"ရား ခင်ဗျား ရည်းစားကို စိတ်ပူစရာလား"

"အဲ့ဆို Water Godကိုပေါ့"

"စိတ်ပူတယ်ဆိုတာ သူတို့ သေချာလုပ်နိုင်ပါ့မလားလို့.. တစ်ခုခုဆိုရင် ထိခိုက်မိမှာက လူသားတွေမလို့လေ"

"ဪ မသိပါဘူး Waterကိုများ ကြွေနေသလားလို့"

"ကြွေစရာလား ကျုပ်က"

"အေးပါကွာ"

နောက်ကျမှ သွက်သွက်ခါလို့ကတော့ ပိတ်ကိုပြောပစ်မယ်လို့ Yoongi တေးထားလိုက်သည်။

Tae Hyungနဲ့ Jimin တို့ကတော့ Earth God Hoseok ပေးလိုက်သည့် မြေပုံကြမ်းတွင်ပါဝင်သည့် နတ်ဆိုးသိမ်းပိုက်ထားသော နယ်မြေများထဲမှ အကြီးဆုံးဟန်မြို့သို့ ဝင်ရောက်ရန် မြို့နဲ့ မနီးမဝေး တောစပ်သို့ ဆင်းသက်လိုက်ကြသည်။

SAJU LOVER (Completed)Where stories live. Discover now