(Uni)
Tae Hyung နဲ့ Jimin တို့ Saju ကိုပြန်ရောက်တော့ လျော့နည်းနေပြီဖြစ်တဲ့ စွမ်းအင်တို့ကို အမြန် ဖြည့်သွင်းရလေသည်။
ဘုံခန်းမဆောင်တွင် စောင့်နေမယ်လို့ပြောပြီး မတွေ့ရသည့် နတ်ဘုရားနှစ်ပါးကြောင့် Jimin နှုတ်ခမ်းတို့ စူလာရသည်။
"ပြောတော့ စောင့်နေမယ်ဆိုပြီး Min က ဘယ်သွားနေတာလဲ မသိဘူး.. Tae Hyung အဆင်ပြေရဲ့လား"
"အင်း"
"အရမ်းအားနည်းနေတဲ့ပုံပေါ်နေတာ.. Jung Kookနဲ့ စွမ်းအင်ဖလှယ်မှရမှာကို ဘယ်သွားနေကြတာလဲ မသိ.. စိတ်စွမ်းအင်ကလည်း မပြည့်သေးဘူး.. လှမ်းဆက်သွယ်လို့လည်း မရဘူးကွာ"
"ရတယ် Jimin.. ငါ နတ်နန်းဆောင်မှာ ပြန်နားလိုက်မယ်"
"ငါလိုက်ပို့ပေးမယ်.. ငါ့စိတ်စွမ်းအင် အမြန်ပြည့်တာနဲ့ Jung Kookကို အရင်ဆက်သွယ်ပေးမယ်"
"ရပါတယ်"
အမှန်က နတ်ဘုရားတစ်ပါးက လူသားအသွင်ပြောင်းလဲမှုမှာ ခုလောက်ထိ စွမ်းအင်ကုန်ခမ်းတတ်ကြတာမျိုးတော့ မဟုတ်ဘူး။
နတ်ဆိုးရဲ့ အမှောင်ဓါတ်သိပ်သည်းလွန်းလို့ ခုလို ပင်ပန်းနွမ်းနယ်မှုကို ခံလာရခြင်း ဖြစ်သည်။
Jiminထက် Tae Hyungက ပိုဆိုးတာပေါ့.. နဂိုကတည်းက စွမ်းအင်မတည်ငြိမ်မှုကြောင့် Jung Kookနဲ့ အမြဲလိုလို စွမ်းအင်ဖလှယ်ပြီးထိန်းနေရတာ။
ခုလည်းကြည့် လေတိုက်ရင်တောင် လဲကျတော့မယ့်သူလိုမျိုး ဖြူဖျော့နေရောပဲ။
မင်းဘယ်မှာလဲ Jung Kook။
Jiminက သူ့အား နတ်နန်းဆောင်အထိလိုက်ပို့ပေးပြီး စွမ်းအင်ပြည့်ဖို့ သူ၏ Wood God နတ်နန်းသို့ အမြန်ပြန်သွားလေသည်။
ခုတင်ပေါ်တွင်အသာလဲလျောင်းလို့ မျက်လုံးတို့ကိုမှိတ်ထားလိုက်သည်။
ခံစားနေရသည့် ဝေဒနာက စွမ်းအင်ကို ထိန်းချုပ်ထားရတာကြောင့် အားအင်နည်းလာတာမျိုး။
ဒီဝေဒနာကို ထိန်းချုပ်မထားဘဲ လွှတ်ပေးလိုက်ပါက ပြင်းထန်လှသည့် စွမ်းအင်ကြောင့် ၃လောကလုံး ပျက်စီးသွားနိုင်လေသည်။
YOU ARE READING
SAJU LOVER (Completed)