(Uni)
Joon ဆိုသူနဲ့ မြို့ထဲသို့မလိုက်တော့ပဲ သူတို့ လူစုခွဲပြီး နီးစပ်ရာ ရွာတွေဆီသို့ ထွက်လာခဲ့ကြသည်။
ညကျမှ တည်းခိုရာအိမ်တွင် ပြန်လည်ဆုံကြဖို့ တိုင်ပင်ထားခဲ့သည်။
Min Yoongi နှင့် Jimin တို့ စုံစမ်းရသမျှ သတင်းတွေက မြို့ထဲက သတင်းတွေနှင့် အနည်းငယ်တော့ ကွဲလွဲလျက်ရှိသည်။
နတ်ဆိုးသည် လူတွေကို ဝှက်တတ်သည်ဆိုသော သတင်းကို ကြားခဲ့ရသည်။
တချို့ရွာသားတို့သည် တစ်ပတ်ခန့်မျှ ပျောက်ချင်းမလှပျောက်သွားခဲ့ကြပြီး တစ်ပတ်ကျော်သည့်အခါ ရွာသို့ ပုံမှန်အတိုင်း ပြန်လည်ရောက်ရှိလာကြသည်။
ထူးခြားသည်က နတ်ဆိုးဝှက်ခံရသော ရွာသားတို့သည် ထိုနတ်ဆိုးကို ကိုးကွယ်ယုံကြည်လာသည်ဟု ဆိုသည်။
Jung Kookနဲ့ Tae Hyung တို့ စုံစမ်းရရှိတာကတော့ နတ်ဆိုးက ရွာတစ်ရွာလုံးကို ဖျောက်လေ့ရှိသည်တဲ့။
အနီးအနားကရွာတွေမှာ နတ်ဆိုးဝှက်ခြင်းခံရတဲ့ ရွာ ၃ရွာလောက်ရှိပြီဟု ဆိုကြသည်။
နတ်ဆိုးပိုင်စိုးသည့် ရွာများမှ လူများသည် ဘေးဒုက္ခမဖြစ်စေရေးနဲ့ ကာကွယ်စောင့်ရှောက်ပေးရန်အတွက် နတ်ဆိုးကို ကိုးကွယ်လာကြသည်ဆိုပဲ။
စုံစမ်းရသမျှက ကြားထားသမျှနဲ့ ကွဲလွဲနေမှုက သိသိသာသာ။
Fire God ရဲ့ မျက်ခုံးနှစ်ဖက်တို့မှာ တွန့်ချိုးလျက်ရှိသည်။
ဖြစ်နိုင်ချေ အရပ်ရပ်ကို သုံးသပ်နေမိသည်။
ထိုရွာတွင်မကပဲ အနီးနားရှိ ရွာ၂ရွာလောက်ကိုပါ သွားရောက်စုံစမ်းတော့လည်း အနည်းငယ်ကွဲလွဲမှုလေးတွေ ရှိနေပြန်သည်။
"Kim.. ကိုယ်တို့နတ်ဆိုးကို မျှားရတော့မယ်"
"အင်း.. ကိုယ်လည်းတွေးမိတယ်"
"ပြန်ကြစို့.. တည်းခိုအိမ်ရောက်မှ ဆက်ဆွေးနွေးကြရအောင်"
"အင်း.. ကိုယ် တစ်ခုပြောစရာရှိတယ်"
"အင်း ပြောလေ"
"ကိုယ် Joonဆိုတဲ့ သူကို မယုံဘူး"
YOU ARE READING
SAJU LOVER (Completed)