part1အချစ်သည် ပြောရလွယ်သလောက်
အဓိပ္ပါယ်အားဖြင့် နက်ရှိုင်းလွန်းလှသည် ။အချစ်သည် ထိတွေ့လို့လည်းမရ
ကိုင်တွယ်လို့လည်း မရပါသော်ငြား
အချစ်သည် လူကို ရူးစေသည်။အချစ်ကြောင့် ဘဝပျက်ခဲ့ရသူများလည်း
ရှိသလို အချစ်ကြောင့် အေးချမ်းသာယာ
သော ဘဝ ပိုင်ဆိုင်ရသူများလည်း
ရှိသည်။ကမ္ဘာပေါ်ရှိ လူသားတိုင်းတွင် အချစ်၏
သက်ရောက်မှုသည် အားကောင်းလွန်းလှ
ပေသည် ။" ကိုကို ရေ ကိုကို မထသေးဘူးလား "
မနက်စောစောစီးစီး တံခါးလာခေါက်ကာ
နှိုးနေသော မနိုင်စိန်ကြောင့် နေထက်ပိုင်
အိပ်ယာကနေ လူးလဲထရသည်။" အစောကြီးရှိသေးတယ် ပိုင်ရယ် "
စိုးလင်းလက်ပိုင် ကသူမလက်မှာပတ်ထား
သော နာရီကို လက်နဲ့ ထောက်ပြလေသည်။
လက်တံတိုမှာ ၆ပေါ်တွင် တည်ရှိနေတာဖြစ်ပြီး
လက်တံရှည်မှာ ၃ပေါ်သို့ ကျရောက်
နေလေသည်။ အချိန်အားဖြင့် ၆နာရီ ၁၅မိနစ်တိတိ။" အလုပ်က ၈နာရီမှ သွားရမှာလေ "
" ဒါပေမဲ့ ဒီချိန်က ထသင့်နေပြီလေ
ကိုကို သိလား 'ထကြွ လုံ့လဝီရိယနှင့်
မိတ်ကောင်းများမှီ ဤလေးလီ လောကီ
ကြီးပွားကြောင်းတဲ့ "နေထက်ပိုင် ဆက်မငြင်းနိုင်တော့ပါ ။
စိုးလင်းလက်ပိုင် နိုင်ငံခြားက ပြန်လာကတည်းက သူ့ဘဝက မနက်တိုင်းစောစော
ထရလေသည်။ သိုပေမဲ့ နေထက်ပိုင်
ကျေနပ်ပါသည် ။ ပိုင် ဟာ အရင်ကနှင့်
မတူတော့သည့် လူတစ်ယောက်ပမာ
ပြောင်းလဲသွားခဲ့သည်။အရင်ကလို ၁၀ကေျာ်သက်လေးမဟုတ်တော့ပဲအတွေးအခေါ်တွေ ရင့်ကျက်လာသည့်
ပိုင်ဟာ ထက်မြတ်တဲ့ မိန်းမတစ်ယောက်
အများအားကျရတဲ့ အမျိုးသမီး ဖြစ်နေခဲ့လေပြီ ။" သမီး အကို နိုးပြီလား "
"နိုးနေပါပြီ ဖေဖေရယ် ဖေဖေ့တူကို
သမီး နိုးရတာ ကြာတော့ ငြီးငွေ့
လာပြီ နေ့တိုင်း ရက်တိုင်းပဲ နှိုးနေရတာ"စိုးလင်းထက်ပိုင်က စိတ်ပျက်ဟန်ဖြင့်
ဦးလင်းထက်ပိုင်ကို ပြောပြနေတာ
ဖြစ်သည်။
YOU ARE READING
Her
General Fictionပိုင်ဆိုင်ရမှ အချစ်မဟုတ်ပေမဲ့ မောင်ကတော့ချစ်ပြီးရင် ပိုင်ဆိုင်ချင်တာပဲသိတယ်