part3(uni&zawgyi)

74 6 0
                                        

part 3

ဒီနေ့က မမနီရဲ့ ဆိုင်ပိတ်ရက် ဖြစ်တာမို့
ထားရော မမနီပါ အခန်းသန့်ရှင်းရေး
လုပ်နေကြသည်။

မမနီက မိသားစုပိုင် ရွှေဆိုင်ကို
ဦးစီးနေတာဖြစ်ပြီး ထားကတော့
ခုချိန်ထိ ကိုယ်ပိုင် အလုပ်မရှိသေး။

ထားဝါသနာပါသည့် ပန်းချီကားများကို
အားလပ်သည့် အချိန်တွင် ေရးဆွဲ
ဖြစ်သည်။ အနုပညာအမြင်ရှိသည့်
မမနီကလည်း အကြံပေးတာမို့
ထားရဲ့ ပန်းချီပညာကို အများသိအောင်
ချပြနိုင်ခဲ့လေသည်။

ထား ငယ်ငယ်က နေခဲ့ရတဲ့ မိဘမဲ့ကျောင်း
အတွက်တောင် တန်ဖိုးကြီး ပန်းချီကားတစ်ခု
လေလံတင်ရတော့မည်။

" မမနီ "

"ပြောလေ ထား "

မမနီက သူမသဘောကျသည့်
မြန်မာဝမ်းဆက်များအား မီးကြွေ
ထိုးနေရင်း ထားကို ကြည့်လာသည်။

" ဟိုနေ့က တွေ့ခဲ့တဲ့ အမျိုးသမီးက
ကိုနေထက်ပိုင်ရဲ့ ညီမလား "

" ဘယ်သူ့ကို ပြောတာလည်း အော်
သိပြီ သီပြီ "

မမနီက ခပ်ရေးရေးပဲ ပြုံးလိုက်သည်။
ပုံမှန်ဆို ထားက သိပ်ပြီး စပ်စုလေ့
ရှိတာလည်း မဟုတ် ။ ဒီတစ်ခါတော့
ထူးဆန်းနေလေပြီ ။

" ထား ကိုပြောပြအုံးလေ မမနီ "

" အင်း ထားက သူ့ကို စိတ်ဝင်စားလို့လား "

" အာ့လိုလည်း မဟုတ်ပါဘူး
နည်းနည်းလေးပဲ သိချင်မိတာ "

" ဒါနဲ့ ထားက ပိုင့်ကို အသက်ဘယ်လောက်
ရှိပြီလို့ ထင်လို့လည်း "

" လှတယ် ဆိုပေမဲ့ ထား ထက်တော့
ကြီးလောက်မှာပါ "

" အဟင်း ဟင်း "

မမနီက သက်ပြင်းလေးချကာ မခိုတရို့နဲ့
ထား ကို ကြည့်လာသည် ။ ထားပြောတာ
ဘာများမှားနေလို့လည်း မသိ ။

" ပိုင်က ခုမှ အသက် ၂၀ပြည့်ပြီးကာစပဲ
ရှိသေးတယ် "

" ဗုဒ္ဓော တကယ်ရီး ရုပ်ကနုပေမဲ့
ထားထက်တောင် ၅နှစ်လောက်
ငယ်သေးတယ် "

" ပိုင်က ငယ်ငယ်ကတည်းက လူကောင်
ထွားတယ်လေ ပြီးတော့ အရပ်လည်း
ရှည်တော့ အသက်နဲ့ တွဲပြီး မြင်လို့
မရဘူး "

HerWhere stories live. Discover now