part5(uni&zawgyi)

152 7 1
                                        

part5

"အန်တီနှင်း "

စိုးလင်းလက်ပိုင်ကို တွေ့တော့ လင်းလက်
သွားသော သူမ မျက်နှာ ။ အချိန်တွေ
ကြာခဲ့ပြီ ဖြစ်သော်လည်း.သူမက လှပနေစဲ။
အရင်တိုင်း မပြောင်းလဲပဲ ကျက်သရေ
ရှိစွာ လှနေပါသေးသည်။

" မတွေ့တာတောင် ကြာနေပြီနော်
လေလံပွဲလာတာလား "

" ဟုတ်တယ် အန်တီနှင်း ကိုကိုရော
ပါတယ်လေ ခန်းမထဲမှာ ကျန်ခဲ့တယ် "

စိုးလင်းလက်ပိုင်က သူ့အမေ ဒေါ်စိုးသစ္စာ
စီမှ အမွေရသော အသားအရည်ကြောင့်
ဖွေးလွန်းသည်လည်း မဟုတ် ဝါညက်ညက်
အသားအရည်မျိုး ။ ဖခင် လင်းထက်ပိုင်နှင့်
တူသည်က စွဲဆောင်မှု ရှိလှသော
မျက်ဝန်းများ ။ ထူထပ်သော မျက်ခုံးများနှင့်
ပုရိသတို့ သဘောကျစေမည့် အလှမျိုး
ပိုင်ဆိုင်ထားလေသည်။

" ထားနဲ့ ပိုင်လေးက အသိတွေ
ထင်တယ် "

" ဟုတ် အန်တီနှင်း "

ထိပ်ထားဝေမှာ တွေတွေလေးငေးနေယုံသာ။
ဂေဟာတစ်ခုလုံးက ေလးစားရိုသေရတဲ့
ဒေါက်တာမေနှင်းချိုနဲ့ စိုးလင်းလက်ပိုင် ရဲ့
ပတ်သတ်မှုကို ခန့်မှန်း၍ မရအောင်
ရှိနေလေသည်။

" သစ္စာတို့ရော နေကောင်းကြတယ်လား "

" ဖေဖေရော မေမေပါ နေကောင်းကြပါတယ်
အန်တီနှင်း "

စိုးလင်းလက်ပိုင် ၏ ဖော်ရွေသောအမူအရာက
ရှားပါးလွန်းသည်။ မာနတစ်ခွဲသားနဲ့မို့ အပေါင်း
အသင်းမရှိသူက ခုတော့ သူမဟုတ်သလို ။

" ပိုင့်ကို ခွင့်ပြုပါအုံး အန်တီ
နောက် အားမှ ဂေဟာမှာ အလှူလာလုပ်ပါအုံးမယ် "

" အေးကွယ် သစ္စာတို့ကိုရော
သတိရနေပါတယ် နောက်မှ
ဆုံကြတာပေါ့ကွယ် "

စိုးလင်းလက်ပိုင် တစ်ယောက် မျက်လုံးစုံမှိတ်ကာ ရှုပ်ပွနေသော အတွေးတွေကို စုစည်း
လိုက်ရသည်။ ပိုင်တို့ မိသားစုနဲ့
အန်တီနှင်းနဲ့ဆိုတာ မိတ်ဆွေဆိုတာထပ်
ပိုခဲ့မှာပေါ့။ 

" ပိုင့်ကို ခွင့်ပြုပါအုံး မထိပ်ထားဝေ "

မထိပ်ထားဝေ ကို နှုတ်ဆက်ကာ
ပိုင် ကားစီသို့ လျှောက်လာခဲ့လိုက်သည်။

HerWhere stories live. Discover now