part4(uni&zawgyi)

94 4 0
                                        

part 4

********မိဘမဲ့ ကျောင်း၏ hallခန်းထဲတွင်
မန္တလေးမြို့မှ သူဌေးသူကြွယ် အချို့တို့နှင့်
စည်ကားနေလေသည်။

ပန်းချီလေလံပွဲက သိပ်ပြီး စိတ်ဝင်စားစရာ
မကောင်းပေမဲ့ ပရဟိတဆိုသော ခေါင်းစဥ်
အောက်ကို ရောက်ကာ နံမည်ကောင်း
လိုချင်၍ တက်ရောက်လာကြသူများလည်း
ရှိကြသည်။

စိုးလင်းလက်ပိုင် နဲ့ နေထက်ပိုင်မှာ
အဆင်​ပြေသော နေရာတွင် နေရာယူကာ
ထိုင်လိုက်ကြသည်။

နေထက်ပိုင် လက်တွင်းမှာတော့
လေလံအတွက် ကဒ်ပြားလေးကို
ကိုင်ထားလေရဲ့ ။

" ဘာရှာနေတာလည်း ကိုကို "

စိုးလင်းလက်ပိုင် တမင်မေးလိုက်ခြင်းသာ။
အစည်းအဝေးရှိသည့် ကိုကိုက ဒီနေရာထိ
ရောက်လာတာ မမနီ လက်ချက်ကလွဲပြီး
တခြားသူရှိနိုင်ပါအုံးမလား ။

" ဘာမှ မဟုတ်ပါဘူး ပိုင် ဒီကဒ်ပြား
ပိုင်ယူထားလေ "

" ကိုကိုက အကြီးပဲ ယူထားပါ "

ပိုင့်မျက်လုံးလေးများကို ဝေ့ကာကြည့်နေမိသည်။ မမနီနှင့်သူ့ညီမဆိုသော
အမျိုးသမီးက ရှေ့ဆုံးက ခုံမှာ ထိုင်နေကြသည်။

ထိပ်ထားဝေ ဆိုသော အမျိုးသမီး
အကြည့်ချင်းဆုံမိ၍ ပိုင် ပြုံးပြလိုက်မိသည်။

" အလိ​ုလေး ငါဘာတွေ လုပ်မိနေပါလိမ့် "

စိုးလင်းလက်ပိုင် တစ်ယောက် ကိုယ့်စိတ်ကိုထိန်းကာ လေလံပွဲကိုပဲ အာရုဏ်ထားလိုက်သည်။ ဒီပန်းချီကားက ပြပွဲနေ့ကတည်းက
သူမ သိပ်ကြိုက်တဲ့ ပန်းချီကား ။

သစ်တောကြီးတစ်ခုအတွင်းသို့ နေရောင်ခြည်
ထိုးဖောက်လာပုံကို သဘာဝကျကျ အနုပညာဆန်စွာ ရေးဆွဲထားသည်။

​ကြည့်ရတာက တစ်မျိုးလေး စွဲဆောင်မှု
ရှိလေသည်။

သိပ်မကြာပါ လေလံပွဲ စတော့မည် ဖြစ်၍
announcer က စတင်မိတ်ဆက်လေသည်။
ကြွရောက်လာသော ပရိတ်သတ်အပေါင်းက
လက်ခုပ်သြဘာပေးကာ အခမ်းအနားကို
စတင် ဖွင့်လိုက်သည်။

ထိပ်ထားဝေ ဆိုသော အမျိုးသမီးက
စတိတ်စင်ပေါ် တက်ကာ ပန်းချီကားကို
လေလံတင်ရတဲ့ ရည်ရွယ်ချက်ကို
ပြောပြလေသည်။

HerWhere stories live. Discover now