(Unicode)
မြူခိုမြူငွေ့တွေ နဲ့ ခပ်ဖြူဖြူ တောနက်အတွင်း စမ်းတဝါးဝါး လမ်းလျှောက်နေခဲ့တဲ့ ကောင်လေး တစ်ယောက်
လက်ထဲက နှင်းဆီပန်း အစည်းလေးကို ကျစ်နေအောင် ဆုပ်ကိုင်ထားပြီး အကူညီတောင်းလို့ရမယ့် နေရာတစ်ခုကို ရှာတွေ့ဖို့ ဆုတောင်းရင်း နဲ့သာ
"ဒီတောထဲမှာ သားရဲတိရစ္ဆာန် တွေ ရှိနိုင်လား??
ထိုသို့သာ သံသယ စိတ်နဲ့ တွေးလိုက်ရင်း နာကြင်နေတဲ့ ဒူးခေါင်းက ဒဏ်ရာကြောင့် လမ်းဆက်လျှောက်ဖို့ကိုလဲ ငြီးငွေ့ လာသည် ။
"ဘယ်လို လုပ်ရမလဲ ကားလမ်းမကို ဘယ်လို သွားရမလဲ ... အခုထိ ကားလမ်းမ အရိပ်အယောင်လဲ မမြင်ရဘူး "
မြူခိုးတွေ ပြည့်နေတဲ့ တောနက်ထဲကနေ စမ်းတဝါးဝါး လမ်းလျှောက်လာအပြီး အကြာမှာတော့ ထိုတောနက်ထဲက ထွက်လာနိုင်ခဲ့သည် နေဝင်ပြီးချိန် အလင်းရောင် နည်းနည်းသာ ကျန်နေတော့သည် ။
လမ်းအကြာကြီး လျှောက်ပြီးခဲ့ပေမယ့် သူရှာနေတဲ့ ကားလမ်းမကို ရောက်မသွားပဲ ။
လက်ထဲက နှင်းဆီ စည်းလေးကို ငုံ့ကြည့်တော့
"ဟင်း နှင်းဆီပွင့်ဖက်တွေတောင် အတော်ကြွေကုန်ပြီး ငါ့ပုံစံနဲ့ ဘယ်လို လုပ် ဟန်ဟွမ်ကို သွားတွေ့လို့ ရနိုင်တော့မှာ လဲ ဟူးးးး ဒီနေ့က ငါ့ရဲ့ ကံမကောင်းတဲ့ နေ့ပဲ "
မှောင်လုကာ နီးနေပြီမို့ ခရီးဆက်ဖို့ရာ လဲ မဖြစ်နိုင်တော့သလို အခုသူက လူသူမရှိတဲ့ တောထဲရောက်နေတာမို့ စိတ်ပျက်လက်ပျက် နဲ့သာ မြက်ခင်းပေါ် ထိုင်ချရင်း သက်ပြင်းတွေ ခဏခဏချနေတော့သည်
" ငါကိုက ကံမကောင်းတာ ဟူးးး ဘယ်လို လုပ်ရမလဲ "
စိတ်ပျပ်ပျက်နဲ့ သူ့အရှေ့နားက ရေကန် ပြင်ထဲ ကျောက်ခဲ အစလေးတွေ ပြစ်ထည့်နေခဲ့သည်
"ဟင် ဒါက အိမ် ..?
သူထိုင်နေတဲ့ ကာလအထိ မြူတွေ နဲ့ ပတ်ဝန်းကျင်ဟာ အခု မြူတွေက ပျယ်သွားပြီး သူထိုင်နေတဲ့ ရေပြင်ထိပ်ကနေ တစ်ဖက်ထိပ်တွင် အိမ်တော်တစ်လုံးကို လှန်မြင်လိုက်ရသည်
YOU ARE READING
FanficYiZhan Shot🔞🚬 လေးပိုင်းလောက်ပဲ ရှိနိုင်ပါတယ်✨🫦